နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပ

အောက်တိုဘာ ၂၇၊ ဘေဂျင်း


ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ အရေးအကြီးဆုံး နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ၄ ရက်တာ ကျင်းပလျက်ရှိသည်။ ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ငါးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် တရုတ်နိုင်ငံက ငါးနှစ်တာကာလ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ရေးဆွဲထုတ်ပြန်မည်ဖြစ်သည်။


ထို့အပြင် ၂၀၃၅ ခုနှစ်ကို စိတ်ကူးပုံဖော်ခြင်း (Vision 2035)ဟု အမည်ပေးထားသည့် ၁၅ နှစ်တာ ရေရှည်စီမံကိန်းကိုလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖော်ပြဖွယ်ရှိနေသည်။ Vision 2035 ၏ ရည်မှန်းချက်မှာ ၂၀၄၉ ခုနှစ်တွင် တရုတ်နိုင်ငံကို အပြည့်အဝဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်လာပြီး ဝင်ငွေမြင့် နိုင်ငံအဖြစ် သတ်မှတ်ခံရရေးအတွက် တိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များ ချမှတ်ရေးဖြစ်ကြောင်း သြစတြေးလျအမျိုးသားတက္ကသိုလ်၏ ပါမောက္ခ ဘင်ဂျမင်ဟေးလ်မန်းက ပြောသည်။


ထို့အပြင် အဆိုပါကာလတစ်လျှောက်လုံး ရှီကျင့်ဖျင်က တရုတ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖွယ် ရှိသည်ဆိုသော ယူဆချက်များလည်း ထွက်ပေါ်လျက်ရှိသည်။ တရုတ်နိုင်ငံမှာ ၂၀၁၈ ခုနှစ်က သမ္မတသက်တမ်းကန့်သတ်ချက်ကို ဖယ်ရှားခဲ့ခြင်းကြောင့် ရှီကျင့်ဖျင်အနေဖြင့် သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပိုမို ထမ်းဆောင်ခွင့်ရမည်ဖြစ်သည်။ ၄ ရက်တာ မျက်နှာစုံညီ အစည်းအဝေး၏ နောက်ဆုံး ရက်တွင် အစည်းအဝေး၌ သဘောတူညီခဲ့သည့် အသေးစိတ်အချက်အလက်များကို တရုတ်နိုင်ငံပိုင် မီဒီယာက ကြေညာမည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ