နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘယ်လ်ဂျီယံနိုင်ငံတွင် ကျန်းမာရေးစနစ်မပြိုလဲစေရန် ကိုဗစ်-၁၉ ရောဂါရှိသည့် ဆရာဝန်များကို အလုပ်ဆင်းပေးရန် တောင်းဆိုထား

အောက်တိုဘာ ၂၇၊ ဘရပ်ဆဲလ်


ဘယ်လ်ဂျီယံနိုင်ငံ လီအေ့ရှ်မြို့တွင် COVID-19 လူနာသစ်တွေ့ရှိမှုနှင့် ဆေးရုံတက်ရသူ အရေအတွက်များပြားလာခြင်းကြောင့် COVID-19 ရောဂါ ကူးစက်ခံထားရသည့် ဆရာဝန်များကိုပါ အနားမပေးဘဲ အလုပ်ဆင်းပေးရန် တောင်းဆိုထားရသည်။ ဘယ်လ်ဂျီယံနိုင်ငံမှာ ဥရောပတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အကောင်းဆုံး အဆင့်(၅)ချိတ်သည့် နိုင်ငံဖြစ်သော်လည်း လာမည့်ရက်ပိုင်း အတွင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမည့်အခြေအနေကို တားဆီးနိုင်ရန်အတွက် ရောဂါပိုးရှိသည့် ဆရာဝန်များကို အလုပ်ဆက်လုပ်ခိုင်းရုံမှတပါး အခြားရွေးချယ်စရာမရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ကျန်းမာရေးသမဂ္ဂများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါက်တာဖီးလစ်ဒီဗို့စ်က ပြောသည်။


လီအေ့ရှ်မြို့ရှိ ကျန်းမာရေးဝန်ထမ်း ၄ ပုံ၊ ၁ ပုံနီးပါးမှာ COVID-19 ရောဂါ ကူးစက်ခံထားရသည်။ ရောဂါကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမပြသည့် ကျန်းမာရေးဝန်ထမ်းများကို အလုပ်ဆက် လုပ်ပေးရန် တောင်းဆိုထားသည့် ‌ဆေးရုံ ၁၀ ခု ရှိနေသည်။ COVID-19 ရောဂါပိုး ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများ အလုပ်ဆက်လုပ်မည်ဆိုပါက လူနာများ ရောဂါကူးစက်နိုင်ခြေရှိသည်ဟု  ဒေါက်တာဖီးလစ်ဒီဗို့စ်က ပြောသည်။


ဘယ်လ်ဂျီယံနိုင်ငံ အရှေ့ပိုင်း လီအေ့ရှ်မြို့တွင် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှုခံယူသူ ၃ ဦးအနက် တစ်ဦးတွင် ရောဂါပိုး တွေ့ရှိနေသည်။ ဘယ်လ်ဂျီယံနိုင်ငံတွင် အာဏာပိုင်များ ထိန်းချုပ်မရနိုင်သည့် COVID-19 ရောဂါကူးစက်မှု ဆူနာမီလှိုင်းကြီးများ ကြုံရရန် နီးကပ်နေပြီဟု ကျန်းမာရေးဝန်ကြီး ဗန်ဒန်ဘရော့ခ်က သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဆေးရုံများမှ လူနာများကို အခြားနေရာ ရွှေ့ပြောင်းပေးနေရပြီး အရေးပေါ်မလိုအပ်သည့် ခွဲစိတ်ကုသမှုများကိုလည်း ဖျက်သိမ်းထားရသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ