နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MPT U-Life အသုံးပြုပြီး ဒစ်ဂျစ်တယ်အာမခံရယူနိုင်ပြီ

ရန်ကုန် အောက်တိုဘာ ၂၇


MPT U-Life အသုံးပြုပြီး ဒစ်ဂျစ်တယ်အာမခံကို ရယူအသုံးပြုနိုင်ပြီဖြစ်သည်။ ပရိုမိုးရှင်းကာလဖြစ်သည့် ၂၀၂၀ အောက်တိုဘာ ၁၉ ရက်မှ နို၀င်ဘာ ၁၈ ရက်အတွင်း အာမခံ၀ယ်ယူပါက MPT မှ အပိုဆုလက်ဆောင်များလည်း ရရှိနိုင်မည့်အခွင့်အရေးများလည်းရှိနေသေးသည်။

အပိုဆုလက်ဆောင်များမှာ အာမခံ၀ယ်ယူထားသည့် စုစုပေါင်း ပမာဏပေါ်မူတည်ပြီး e-money ၅ ရာခိုင်နှုန်းနှင့် MPT Club ပွိုင့် ၅ ရာခိုင်နှုန်းပေးသွားမည်ဖြစ်သည်။ COVID-19 ဒုတိယလှိုင်းအတွင်း ကူးစက် နှုန်းမြန်ဆန်မှုများကြောင့် စိုးရိမ်ပူပန်မှုများရှိနေပါက COVID-19 ကဲ့သို့ ရောဂါများနှင့် ကြိုမမြင်နိုင်သည့် မတော်တဆထိခိုက်မှုများအတွက် MPT U-Life ဖြင့် အာမခံထားနိုင်ပြီဖြစ်သည်။ 

MPT U-Life တွင် GGI Nippon Life မှ ကျန်းမာရေးအာမခံ ဇီဝကနှင့် AYA SOMPO Insurance မှ ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ သက်တော်စောင့်ဆိုသည့် အာမခံ ၂ မျိုး ရှိသည်။ အာမခံ၀ယ်ယူလိုသူများအနေဖြင့် ဖော်ပြပါ http://bit.ly/U-life-MM လင့်ခ်ထဲမှ မိမိနှစ်သက်ရာအာမခံကို ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ