နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်ရှည် အနာမဲ့ရေး

အောက်တိုဘာ   ၂၇


ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာခြင်းဆိုရာတွင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်း နှစ်မျိုးရှိ၏။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်ဖြစ်သကဲ့သို့ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမည် ဖြစ်၏။ လူ၏ကျန်းမာရေးတွင် စိတ်ချမ်းသာလျှင် ကိုယ်လည်းလန်းဆန်း၍ အရာရာအဆင်ပြေနိုင်၏။ ကျွန်ုပ် တို့မှာ အောင်မြင်လို၏။ လန်းဆန်းလို၏။ သို့သော် ထူထောင်ဆဲ၊ ရုန်းကန်နေရဆဲမှာ နှစ်ရှည်ကြာမြင့်လာ၏။ ထိုအခါ တိုးတက်လာသည်မှာ အလုပ်များဖြစ်ပြီး ဆုတ်ယုတ်လာသည်မှာ ကျန်းမာရေးဖြစ်၏။ လူတစ်ဦး တစ်ယောက် ရောဂါဖြစ်ခြင်းအကြောင်းအရင်းကို ဆန်းစစ်သော် အစားအသောက်ကြောင့်ရောဂါဖြစ်ရခြင်း၊ ကူးစက်ရောဂါများကြောင့် ရောဂါဖြစ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းရခြင်း အချက်သုံးချက်ပင်ဖြစ်သည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုဘေးနှင့် ကြုံတွေ့နေရ သည်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်သည်။ ယနေ့ဖြစ်ပေါ်နေသော အခြေအနေအရ ကူးစက်ရောဂါပျံ့နှံ့မှုကျဆင်း ရေး၊ သေဆုံးသူကျဆင်းရေးအတွက် ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများအနက် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများပင်ဖြစ်ရာ ပိုမိုအားဖြည့်ဆောင်ရွက်ကြရာတွင် လိုက်နာမှုအားနည်းလျက်ရှိသည်။ ရပ်သူရွာသားတို့ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါဘေးမှကင်းဝေးစေချင်သည်။

အခြေခံကျန်းမာရေးကောင်းဖို့ကတော့ အင်မတန်မှ အရေးကြီးပါတယ်။ အခြေခံကျန်းမာရေးကောင်းဖို့ အရေးကြီးတယ်ဆိုတာ တစ်ခါတလေ လက်တွေ့ကျကျကြည့်ရပါတယ်။ ပြောတာတော့ လွယ်တယ်ပေါ့။      အခြေခံကျန်းမာရေးကောင်းအောင်နေရမယ်ဆိုတာ၊ အခြေခံကျန်းမာရေးကောင်းအောင်နေရမယ်ဆိုတဲ့ အထဲမှာဆိုရင် အများလက်ခံထားတာက ကိုယ်လက်လှုပ်ရှားမှုရှိရမယ်။  လေကောင်းလေသန့်ရနိုင်မယ်  ဆိုတော့ ကိုဗစ်ရောဂါရဲ့ လိုအပ်ချက်အရ အပြင်မထွက်နိုင်တဲ့နေရာတွေမှာကျတော့ ဒီဟာ ခက်ခဲတယ်ဆိုတာ လည်း ကျွန်မ သဘောပေါက်တယ်။ ဒါကြောင့် တတ်နိုင်သလောက်ပေါ့။ ကိုယ့်ရဲ့အခြေအနေအရ ကျန်းမာအောင် နေကြပါ။ မဖြစ်နိုင်တဲ့ကိစ္စတွေကို သိပ်တွေးပြီးတော့ ပူပင်သောကမရှိပါနဲ့။ စားတဲ့သောက်တဲ့နေရာမှာ တတ်နိုင်သမျှ ကျန်းမာအောင်လို့ စားကြပါ။ ဆင်ဆင်ခြင်ခြင်လည်း စားကြစေချင်ပါတယ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍  ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းကို အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကန့်သတ်မှုများနှင့် ကြုံတွေ့နေရသော အခြေအနေတွင် မှန်မှန်အိပ်၊ မှန်မှန်စား၊ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါကွင်းဆက်ကို ထိရောက်စွာ တုံ့ပြန်ပြီး သတ်မှတ်ထားသော ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်စေချင်ကြောင်း . . . . . ။           ။






အခြားဆက်စပ်သတင်းများ