နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားသွေးဌာန ( ရန်ကုန် )အတွက်သွေးလှူရှင်များ တစ်ဦးချင်း လာရောက်လှူဒါန်းရန် တိုက်တွန်း

COVID - 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးဖြင့် သွေးလှူဒါန်းမှုများကို လက်မခံသည့် အတွက် အမျိုးသားသွေးဌာန ( ရန်ကုန် ) ၏ သွေးရရှိမှုသည် ၃ ပုံ ၁ ပုံခန့်ကျဆင်းသွားကြောင်း သိရှိရသည်။ လာမည့် ၃ လ အတွင်းထပ်မံကျဆင်းနိုင်မည်ဟုခန့်မှန်းမှုကြောင့် သွေးလှူရှင်များအနေဖြင့် တစ်ဦးချင်းလာရောက်လှူဒါန်းမှုပြုလုပ်ကြရန် အမျိုးသားသွေးဌာန ( ရန်ကုန် ) မှနှိုးဆော်ထားကြောင်းသိရှိရသည်။ အမျိုးသားသွေးဌာန ( ရန်ကုန်) တွင်တစ်လလျှင်သွေးလှူရှင် ကိုးထောင်နီးပါးရှိပြီး သွေးယူနစ်ပေါင်း တစ်သောင်းခုနစ်ထောင်ကျော် ရရှိကြောင်း သိရှိရသည်။ COVID - 19 ရောဂါဂယက်ကြောင့်ဖေဖေါ်ဝါရီ လမှစတင်ပြီးသွေးလှူရှင်များ တဖြည်းဖြည်း ကျဆင်းလာရာမတ်တတိယပတ်တွင်သွေးလှူရှင် ( ၃၀ ) ရာခိုင်နှုန်းထိကျဆင်းသွားသည် ဧပြီနှင့်မေလများတွင် ဆက်လက် ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားသည်။ တစ်ဦးချင်းသွေးလှူရှင်ရရှိရန်လုပ်ဆောင်လျက်ရှိပြီးပုံမှန်သွေးလှူရှင် များကိုဆက်သွယ်ပြီးလှူဒါန်းနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ ယခင်အခါကအမျိုးသားသွေးဌာန ( ရန်ကုန် ) တွင်ပုံမှန်စုပေါင်းသွေးလှူဒါန်းပွဲနှင့် ရွှေတိဂုံဘုရားရှိ ပုံမှန် သွေးလှူဒါန်းပွဲများမှသွေးများရရှိကြသည်။ ယခုအခါ သွေးရရှိမှုမပြတ်စေရန် ပုံမှန်သွေးလှူရှင်များထံ အိမ်တိုင်ရာရောက် သွေးအလှူခံရန် အစီအစဉ်ရှိနိုင်ကြောင်းသိရှိရသည် ။ အမျိုးသားသွေးဌာန ( ရန်ကုန် ) သည်ရန်ကုန်မြို့ရှိဆေးရုံ ( ၁၄ ) ရုံအတွက်နေ့စဉ်သွေးလိုအပ်ချက် ကိုထောက်ပံ့ပေးလျက်ရှိသည်။ ဆေးရုံများသို့ သွေးဆက်လက်ထောက်ပံ့ပေးနိုင်ရန် ယခုမတ်လတွင် သွေးအလှူရှင် ခြောက်ထောင်ဝန်းကျင်မှ သွေးယူနစ်ပေါင်းတစ်သောင်းခွဲနီးပါး လိုအပ်သည်ဟု သိရှိရသည်။ အောင်သူရ






အခြားဆက်စပ်သတင်းများ