နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတစ်ဝန်း သပိတ်မှောက်ကြရန် ဘီလာရုစ်အတိုက်အခံခေါင်းဆောင် တိုက်တွန်း

အောက်တိုဘာ  ၂၆၊ မင့်စ်


သမ္မတ လူကာရှန်ကိုကို ဆန့်ကျင်ဆန္ဒပြသည့် ချီတက်ပွဲတွင် ရဲတပ်ဖွဲ့က လူအုပ်ထဲသို့ အသံဗုံးများ ပစ်သွင်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း သပိတ်မှောက်ကြရန် ဘီလာရုစ်နိုင်ငံ အတိုက်အခံခေါင်းဆောင် တီခါနော့ဗ်စကာယာက တိုက်တွန်းခဲ့သည်။ လူကာရှန်ကိုအနေဖြင့် ရာထူးမှ ဆင်းမပေးပါက သပိတ်မှောက်မည်ဟု ယခုလအစောပိုင်းတွင် တီခါနော့ဗ်စကာယာက အန္တိမသတိပေးချက် ထုတ်ပြန်ခဲ့ဖူးသည်။


ပြီးခဲ့သည့်သြဂုတ်လက ကျင်းပခဲ့ပြီး မဲမသမာမှုများရှိခဲ့သည်ဟု သတ်မှတ်ခံခဲ့ရသည့် သမ္မတ ရွေးကောက်ပွဲတွင် လူကာရှန်ကို အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက် ဘီလာရုစ်နိုင်ငံတွင် ဆန္ဒပြပွဲ များဖြစ်ပေါ်လာခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က လူ ၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု အခွင့်အရေးအဖွဲ့ Vesna က ပြောသည်။


'' ဘီလာရုစ်အစိုးရက အင်အားသုံးတဲ့ လုပ်ရပ်မျိုးပဲ လုပ်တတ်တယ်ဆိုတာကို ဘီလာရုစ်နိုင်ငံသားတွေ ဒီနေ့ ထပ်မြင်လိုက်ရပါပြီ။ အဲဒါကြောင့် အောက်တိုဘာလ ၂၆ ရက်ကစပြီး နိုင်ငံတစ်ဝန်း သပိတ်မှောက်ကြပါ'' ဟု တီခါနော့ဗ်စကာယာက လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ၁၁ ပတ်မြောက် တနင်္ဂနွေနေ့ ဆန္ဒပြပွဲအဖြစ် လူသောင်းချီချီတက်ဆန္ဒပြခဲ့ကြသည်။ ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းများအရ မင့်စ်မြို့ရှိ လူကာရှန်ကို၏ နေအိမ်သို့ ချီတက်နေသည့် လူအုပ်ကြီးမှာ အသံဗုံးများ၏ ကျယ်လောင်သည့် ပေါက်ကွဲသံများကြောင့် ထွက်ပြေးခဲ့ရကြောင်း တွေ့ရသည်။  

                                                                                            

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ