နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံ၏ အင်အားအကြီးဆုံး အတိုက်အခံပါတီက ဝန်ကြီးချုပ်ကို နုတ်ထွက်ပေးရန် တောင်းဆို

အောက်တိုဘာ  ၂၆၊ ဘန်ကောက်


၃ လကျော် ကြာမြင့်နေသည့် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူခဲ့ရာ ထိုင်းနိုင်ငံ၏ အင်အားအကြီးဆုံး အတိုက်အခံပါတီက ဝန်ကြီးချုပ်ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ မူလက ဝန်ကြီးချုပ် ရာထူးမှ ပရာယွတ်ချန်အိုချာ နုတ်ထွက်ပေးရေး၊ အခြေခံဥပဒေသစ် ပြင်ဆင်ရေးဆွဲရေး စသည့်အချက်များကို တောင်းဆိုခဲ့သည့် ဆန္ဒပြပွဲများမှာ နောက်ပိုင်းတွင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း၏အာဏာကို ထိန်းချုပ်ရန်အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။


'' ဝန်ကြီးချုပ်က ထိုင်းနိုင်ငံအတွက် အဓိကအတားအဆီးတစ်ခု၊ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး ရာထူးက နုတ်ထွက်ပေးပါ။ အရာအားလုံး အဆင်ပြေပြေ ပြီးဆုံးသွားပါလိမ့်မယ်'' ဟု ထိုင်းနိုင်ငံ၏ အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် ဖျူထိုင်းပါတီခေါင်းဆောင် အေမွန်ဗီဗတ်က ပြောသည်။ '' ကျွန်တော်တို့ နိုင်ငံရေးအမြင်မတူတာတွေကို ဘေးဖယ်ထားရင် ကျွန်တော်တို့အားလုံး ကိုယ့်နိုင်ငံကို ချစ်နေကြတုန်းပဲဆိုတာ ကျွန်တော် ယုံကြည်ပါတယ်'' ဟု ပရာယွတ်ချန်အိုချာက အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။


သို့သော် အထူးလွှတ်တော်အစည်းအဝေးက ထိုင်းနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မည်မဟုတ်ဟု အတိုက်အခံနိုင်ငံရေးသမားများနှင့် ဆန္ဒပြ ခေါင်းဆောင်များက သံသယရှိနေကြသည်။ အထက်လွှတ်တော်အမတ်အားလုံးကို ထိုင်းစစ်တပ်က ရွေးချယ် ထားခြင်းဖြစ်၍ ပရာယွန်ချန်အိုချာမှာ လွှတ်တော်တွင် ထောက်ခံသူအများစု ရှိနေသည်။                 


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ