နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံ စေ့စပ်ညှိနှိုင်းပေးသည့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အာမေးနီးယားနှင့် အဇာဘိုင်ဂျန် သဘောတူ

အောက်တိုဘာ  ၂၆၊ ဝါရှင်တန်


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နိုင်ငံ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် စာချုပ်ကို အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံက သဘောတူညီခဲ့ကြသည်။ အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့အစောပိုင်းမှစတင်၍ အပစ်အခတ်ရပ်စဲမှု စတင်အကျုံးဝင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။


နာဂါနို-ကရာဘတ်ဒေသ ပဋိပက္ခနှင့်ပတ်သက်၍ ယခုလအစောပိုင်းက ချုပ်ဆိုခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ၂ ခုမှာ စတင်အကျုံးဝင်ခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်း ပျက်ပြယ်ခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်က စတင်ခဲ့သည့် တိုက်ပွဲများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပိုမိုပြင်းထန်လာခဲ့ပြီး  လူ ၅၀၀၀ နီးပါး သေဆုံးခဲ့သည်ဟု ရုရှားသမ္မတ ပူတင်က ပြောသည်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး စတီဖင်ဘီဂန်၊ အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဇိုရက်၊ အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး ဘေရာမော့ဗ်တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီဆိုသည့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများကို ပြီးခဲ့သည့်တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်၌ ချီးကျူးဂုဏ်ပြုခဲ့သည်။ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (OSCE)မှ စေ့စပ်ညှိနှိုင်းဆွေးနွေးသူများမှာလည်း အဆိုပါပဋိပက္ခနှင့်ပတ်သက်၍ လာမည့်ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။


Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ