နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်သံရုံးတွင် ခိုလှုံနေသည့် ဗင်နီဇွဲလားအတိုက်အခံနိုင်ငံရေးသမား ဗင်နီဇွဲလားနိုင်ငံအတွင်းမှ တိတ်တဆိတ်ထွက်ပြေး

အောက်တိုဘာ  ၂၅၊ ကရာကက်စ်


၂၀၁၉ ခုနှစ် ဧပြီလကတည်းက ကရာကက်စ်မြို့ရှိ စပိန်သံရုံးတွင် ခိုလှုံနေသည့် ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ လီယိုပေါ်ဒိုလိုပက်ဇ်မှာ ဗင်နီဇွဲလားနိုင်ငံအတွင်းမှ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ကြောင်း ယင်း၏မိသားစုက ပြောသည်။ လီယိုပေါ်ဒိုလိုပက်ဇ်မှာ ကိုလံဘီယာနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လက်ရှိအချိန်တွင် စပိန်နိုင်ငံသို့ ဦးတည်လျက်ရှိကြောင်း ယင်း၏ဖခင်က ပြောသည်။ 

လီယိုပေါ်ဒိုလိုပက်ဇ်မှာ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွာအီဒိုနှင့်အတူ ယှဉ်တွဲလိုက်ပါခဲ့ပြီး သမ္မတ မာဒူရို ပြုတ်ကျအောင် တော်လှန်ပုန်ကန်ကြရန် တိုက်တွန်းခဲ့ပြီးနောက် စပိန်သံရုံးတွင် ခိုလှုံခဲ့ခြင်းဖြစ်သည်။ လီယိုပေါ်ဒိုလိုပက်ဇ်သည် ဆူပူအုံကြွသည့် နိုင်ငံရေးဆန္ဒပြပွဲများ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ၂၀၁၄ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါစွဲချက်များကို ထပ်ဖန်တလဲလဲ ငြင်းဆန်ခဲ့သည့် လီယိုပေါ်ဒိုလိုပက်ဇ်မှာ စစ်အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ 

သို့သော် ၂၀၁၇ ခုနှစ်တွင် ယင်းကို နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ပေးခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် အတိုက်အခံနိုင်ငံရေးသမားများကို ထောက်ခံသည့် လုံခြုံရေးအဖွဲ့ဝင်များက ယင်းကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ထို့နောက်တွင် လီယိုပေါ်ဒိုလိုပက်ဇ်က နေအိမ်အကျယ်ချုပ်ပြစ်ဒဏ် သတ်မှတ်ချက်များကို ချိုးဖောက်သည်ဟုဆိုကာ ဗင်နီဇွဲလားတရားရုံးက ယင်းကို ဖမ်းဆီးမိန့် ထုတ်ခဲ့သည်။ သို့သော် လီယိုပေါ်ဒိုလိုပက်ဇ်က ကရာကက်စ်မြို့ရှိ စပိန်သံရုံးတွင် ဝင်ရောက်ခိုလှုံခဲ့ပြီး လွန်ခဲ့သည့် ၂ ရက်တွင် သံရုံးမှ တိတ်တဆိတ်ထွက်ခွာပြီး ပြီးခဲ့သည့်သောကြာနေ့တွင် ကိုလံဘီယာနယ်စပ်သို့ ဖြတ်ကျော်ခဲ့ကြောင်း ပြီးခဲ့သည့်စနေနေ့တွင် ယင်း၏ဖခင်က ပြောသည်။ ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများမှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။                                   Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ