နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်နိုင်ငံရှိ ပညာရေးစင်တာအပြင်ဘက်တွင် အသေခံဗုံးခွဲမှုဖြစ်ပွား၍ အနည်းဆုံး လူ ၁၃ ဦး သေဆုံး

  အောက်တိုဘာ  ၂၅၊ ကာဘူးလ်


အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့ရှိ ပညာရေးစင်တာ အပြင်ဘက်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး လူ ၃၀ ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အရာရှိများက ပြောသည်။ ကျောင်းသား/သူများအတွက် အဆင့်မြင့်ပညာရေးသင်ရိုးများ သင်ကြားပေးသည့် ပုဂ္ဂလိက ပညာရေးစင်တာအပြင်ဘက်တွင် ပြီးခဲ့သည့်စနေနေ့ မွန်းလွဲပိုင်းက အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ ရှီးယိုက်မွတ်စလင်အများစု နေထိုင်သည့် ဒါရှတီဘာချီဒေသရှိ ပညာရေးစင်တာတွင် ပုံမှန်အားဖြင့် ကျောင်းသား/သူ ရာပေါင်းများစွာ ရှိတတ်သည်ဟု ဆိုသည်။ ဒဏ်ရာ ရသူအများအပြားကို ဆေးရုံပို့ဆောင်ခဲ့ရပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာမည်ကို စိုးရိမ် ပူပန်လျက်ရှိသည်။

 အဆိုပါတိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်း တိတိကျကျ မသိရသေးပေ။ သို့သော် တာလီဘန်အဖွဲ့က ယင်းတို့လက်ချက်မဟုတ်ဟု ငြင်းဆန်ထားသည်။ '' အသေခံဗုံးခွဲသူက ပညာရေး စင်တာထဲဝင်ဖို့ ရည်ရွယ်ခဲ့တာပါ'' ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် အစောင့်အကြပ်များက အသေခံဗုံးခွဲသမားမှန်း သိသွားချိန်တွင် လမ်းကျဉ်းအတွင်း ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ခြင်းဟု ဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် ဆူပူအုံကြွမှုများ မြင့်တက်ခဲ့ပြီး တိုက်ခိုက်မှုအများစုကို တာလီဘန်အဖွဲ့က လုပ်ခဲ့ခြင်းဖြစ်သည်။                            Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ