နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုးမဲ့အားသွင်းနည်းပညာဖြစ်သည့် 80W Wireless Charging ကို Xiaomi က မိတ်ဆက်

အောက်တိုဘာ ၂၅


Xiaomi က ကမ္ဘာ့အမြန်ဆုံးကြိုးမဲ့အားသွင်းနည်းပညာဖြစ်သည့် 80W Wireless Charging နည်းပညာ ကို မိတ်ဆက်ပြသခဲ့ပြီး အဆိုပါအားသွင်းနည်းပညာသည် Wireless Charging နည်းပညာအနေဖြင့် ကုမ္ပဏီ၏ တတိယမြောက် တီထွင်ဖွံ့ဖြိုးမှုဖြစ်ကြောင်း Gizmochina သတင်းက ပြောထားသည်။

80W Charging နည်းပညာသည် 4000mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို ၁၉ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပြီး အားတစ်ဝက်ရောက်ရန်အတွက် ၈ မိနစ်ဝန်းကျင်သာကြာမြင့်သည်။ Xiaomi က ပြီးခဲ့သည့် ဩဂုတ်လထဲတွင် Xiaomi  Mi  10  Ultra တွင် ကုမ္ပဏီ၏ အမြန်ဆုံး ကြိုးမဲ့အားသွင်းနည်းပညာဖြစ် သည့် 50W Wireless Charging ကို မိတ်ဆက်ခဲ့သည်။ 

Xiaomi က အားသွင်းနည်းပညာပိုင်းတွင် အဆင့်မြှင့်တင်မှုများပြုလုပ်နေပြီး လာမည့်နှစ်ထဲတွင် 100W Wireless Charging နည်းပညာကိုပါ မိတ်ဆက်သွားမည်ဖြစ်ကြောင်း သတင်းများထွက်နေသည်။ 

(WP)






အခြားဆက်စပ်သတင်းများ