နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Realme Watch S စမတ်နာရီထဲတွင် Sports Modes ၁၆ ခု ထည့်သွင်းပေးထား

အောက်တိုဘာ  ၂၅


Realme Watch S  ကို စက်ဝိုင်းပုံနာရီအိုးဒီဇိုင်းဖြင့် ထုတ်လုပ်ထားပြီး ၁ ဒသမ ၃ လက်မ Touch Display အသုံးပြုထားကာ Auto-brightness Sensor တစ်ခုလည်း ပါရှိသည်။ နာရီအိုး၏ ညာဘက်တွင် စက်ဝိုင်းပုံ ခလုတ်နှစ်ခုလည်း အသုံးပြုပေးထားပြီး တစ်ခုက ပါဝါခလုတ်ဖြစ်ပြီး နောက်တစ်ခုက Interface သွားရန်အတွက် အသုံးပြုနိုင်မည့်ခလုတ်ဖြစ်သည်။

အဆိုပါ စမတ်နာရီတွင် နှလုံးခုန်တိုင်း Heart-rate Sensor နှင့် သွေးတွင်းအောက်ဆီဂျင် Level စောင့်ကြည့်နိုင်မည့် SpO2 Sensor တစ်ခုလည်းပါဝင်ကာ အားကစားပြုလုပ်သူများအတွက် Sports Mode ၁၆ မျိုးအထိ ထည့်ပေးထားပြီး ဘက်ထရီပါဝါ 390 mAh အသုံးပြုထားကာ အားသွင်းရန်အတွက် Magnetic Charger တစ်ခုလည်းပါရှိပြီး ၁၅ ရက်ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ 

Realme Watch S သည် IP68 Rating ရေစိုခြင်းနှင့် ဖုန်တင်ခြင်းဒဏ်ခံနိုင်ပြီး လက်ပတ်ကြိုးကို လိမ္မော်၊ အနက် ၊ အပြာနှင့် အစိမ်းရောင် စသည့်အရောင်တို့ဖြင့် ထုတ်လုပ်ပေးထားသည်။   (WP)






အခြားဆက်စပ်သတင်းများ