နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြသူများကြားတွင် ယင်း၏ပုံကို ကိုင်မြှောက်ဖော်ပြခဲ့သည့် အမျိုးသားကို ထိုင်းဘုရင် ချီးကျူး

အောက်တိုဘာ  ၂၄၊ ဘန်ကောက်

ဘန်ကောက်မြို့ရှိ ဆန္ဒပြပွဲကျင်းပရာနေရာတွင် ထိုင်းဘုရင်ဓာတ်ပုံ ကိုင်မြှောက်ဖော်ပြခဲ့သည့် အမျိုးသားကို ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ချီးကျူးခဲ့သည်။ ဘုရင် ရာမ(၅)ဟု လူသိများသည့် ချူလာလောင်ကွန်း နတ်ရွာစံမှု အထိမ်းအမှတ် ဘာသာရေးအခမ်းအနား တက်ရောက်ရန် အောက်တိုဘာလ ၂၃ ရက်တွင် နန်းတော်ထဲမှာ ထွက်လာသည့် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းနှင့် မိဖုရား ဆူသီဒါတို့က တော်ဝင်မိသားစုအပေါ် ထောက်ခံအားပေးသူများကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုနှင့် အစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ သုံးလကြာ ဖြစ်ပွားခဲ့ရာ အဆိုပါဆန္ဒပြပွဲများနှင့်ပတ်သက်၍ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။ တာနာဂါရွန်ဟု အမည်ရသည့် အမျိုးသားမှာ ဆန္ဒပြသူများကြားတွင် ထိုင်းဘုရင်ပုံ ကိုင်မြှောက်ဖော်ပြနေသည့် ရုပ်သံမှတ်တမ်းကို အောက်တိုဘာလ ၂၀ ရက်က ယင်း၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ မိဖုရား ဆူသီဒါ၏ မိတ်ဆက်ပေးမှုကြောင့် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက တာနာဂါရွန်ကို တွေ့ချိန်တွင် '' အရမ်းသတ္တိကောင်းတယ်။ ရဲစွမ်းသတ္တိ အရမ်းရှိတယ်။ အရမ်းတော်တယ်။ ကျေးဇူးတင်တယ်'' ဟု ပြောခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းနန်းတော်က မှတ်ချက်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိပေ။ ထိုင်းဘုရင်၏ ချီးကျူးမှုနှင့်ပတ်သက်၍ တော်ဝင်မိသားစုကို ထောက်ခံအားပေးသူများက အားရကျေနပ်စရာကောင်းသည်ဟု ချီးမြောက်ပြောဆိုနေသော်လည်း ဆန္ဒပြသူများက ဝေဖန်ခဲ့ကြသည်။                                                                                                     

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ