နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ဘတ်စ်ကားများတွင် ခရီးသည်များ သိပ်သည်းမှုမဖြစ်စေရန် CCTV ကင်မရာများမှတစ်ဆင့် စောင့်ကြည့်ကာ ကြပ်မတ်

ရန်ကုန်   ဧပြီ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အခြေစိုက် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက် လက်အောက်ရှိ YBS ဘတ်စ်ကားများတွင် ခရီးသည်များသိပ်သည်းမှုမဖြစ်စေရန် CCTV ကင်မရာများမှတစ်ဆင့် စောင့်ကြည့်ကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားထားသည့်အတိုင်း ခရီးသည်များ သိပ်သည်းမှုမဖြစ်စေရန် CCTV ကင်မရာများမှ အမြဲစောင့်ကြည့်နေပြီး ခရီးသည်များ လိုက်ပါစီးနင်းမှုအပေါ်မူတည်ကာ လိုအပ်သလို ဘတ်စ်ကားများကို ဂိတ်ရင်းမှ လွှတ်ပေးလျက်ရှိကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဘစ်ကားတွေပေါ်မှာ ခရီးသည်တွေ သိပ်သည်းမှုမဖြစ်စေဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက YRTA ကတစ်ဆင့် ညွှန်ကြားထားတာရှိတယ်။ ကျွန်တော်တို့ကလည်း ဂိတ်ကနေပြီးတော့ ဘတ်စ်ကား တွေပေါ်မှာခရီးသည်တွေ လိုက်ပါစီးနင်းတဲ့ အခြေအနေတွေကို CCTV ကင်မရာတွေတစ်ဆင့် အမြဲကြည့်ပြီး လိုအပ်သလို ဘတ်စ်ကားတွေကို ဂိတ်ရင်းကနေ လွှတ်ပေးနေတယ်။ ခရီးသည်တွေကိုလည်း တတ်နိုင်သမျှ နေရာချဲထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားတယ်" ဟု ယင်းကပြောသည်။

ယခုလက်ရှိတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် လက်အောက်တွင် YBS ဘတ်စ်ကားလိုင်း ၇ လိုင်းရှိပြီး တောင်ဥက္ကလာပကားဝင်းမှ ၄ လိုင်းနှင့် ဒဂုံတက္ကသိုလ်ကားဝင်းမှ ၃ လိုင်း အသီးသီး ပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။   

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ