နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လစ်ဗျားပြည်တွင်းစစ်တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆို

အောက်တိုဘာ  ၂၄၊ ဂျီနီဗာ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၅ ရက်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် လစ်ဗျားပြည်တွင်းစစ်တွင် တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့များက အပြီးသတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ လစ်ဗျားအစိုးရလက်အောက်ရှိ စစ်တပ်ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာ ဦးဆောင်သည့် အတိုက်အခံတပ်ဖွဲ့များကြား အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရန် ကုလသမဂ္ဂက စေ့စပ် ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါစာချုပ်မှာ လစ်ဗျားပြည်သူများအတွက် အဓိကအရေးပါသည့် မျှော်လင့်ချက်လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ကုလသမဂ္ဂ၏ လစ်ဗျားသံအမတ် စတီဖန်တီဝီလျံက ပြောသည်။ ၂၀၁၁ ခုနှစ်တွင် နေတိုးအဖွဲ့၏ ထောက်ခံအားပေးမှု ရရှိထားသည့် တပ်ဖွဲ့များက လစ်ဗျားခေါင်းဆောင် ကဒါဖီကို ဖြုတ်ချခဲ့ပြီးနောက် လစ်ဗျားနိုင်ငံတွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည်။ ရေနံကြွယ်ဝသည့် လစ်ဗျားနိုင်ငံမှာ အာဖရိကမှ ဥရောပသို့ ရောက်ရှိရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိကကျသည့် တစ်ထောက်ခိုနားရာနေရာဖြစ်သည်။ လစ်ဗျားနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေခြင်းကြောင့် လစ်ဗျားနိုင်ငံသား အများအပြားကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးလျက်ရှိသည်။ ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ခြင်းကြောင့် နိုင်ငံအတွင်း၊အပြင် နှစ်နေရာလုံးရှိ နေရပ်စွန့်ခွာရသူများနှင့် ဒုက္ခသည်များအနေဖြင့် လစ်ဗျားနိုင်ငံသို့ ပြန်လာနိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂသံအမတ် စတီဖန်တီဝီလျံက ဆိုသည်။                                                            

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ