ရန်ကုန် ဧပြီ ၂၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် မင်းဓမ္မလမ်းတလျှောက်နှင့် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းတလျှောက်တို့တွင် သွယ်တန်းဖြန့်ဖြူးထားသော ဓာတ်အားလိုင်း 33 kV RIR တော်ဝင်ဓာတ် အားလိုင်းကို မိုးရာသီတွင် အများပြည်သူများ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး၊ ဗို့အားပြည့်ဝစွာရရှိစေ ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လမ်းညွှန်ချက်အရ ခရိုင်စီမံချက်ဖြင့် သစ်ပင်ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းတို့ကို ဧပြီ ၂၉ ရက်၊ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရစဉ်။
(WP)