ရန်ကုန် အောက်တိုဘာ ၂၄
ယနေ့လူငယ်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုက လွန်ခဲ့သောနှစ်များက သုံးစွဲမှုအတိုင်းအတာထက် မြင့်တက်လာကြောင်းနှင့် မူးယစ်ဆေးဝါးအလွဲသုံးစားမှု များပြားလာကြောင်း သက်ဆိုင်ရာဌာနများက အသိပေး ထားသည်။ ယနေ့လူငယ်များ မူးယစ်ဆေးဝါးအသွင် အလွဲသုံးနေသည့် ကော်သည် ဓာတုပစ္စည်းလေးမျိုးကို အချိုးကျရောစပ်ရရှိသော သင်နာနှင့် ရော်ဘာပြား၊ ကော်မှုန့်တို့ကို ပေါင်းစပ်ပြီး ရရှိလာသည့် အိမ်သုံးပစ္စည်း ကော်ဖြစ်သည်။ ယင်းကို ရှုရှိုက်ခြင်းသည် ကော်ရှူခြင်းမဟုတ်ဘဲ ဓာတုပစ္စည်းလေးမျိုးကို ရှုရှိုက်ခြင်းဖြစ်သဖြင့် လွန်စွာအန္တရာယ်ကြီးမားပေသည်။
နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ ကော်ရှူခြင်းအပါအဝင်ဖြစ်သော အငွေ့ရှူခြင်းကို ကမ္ဘာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန် တွေ့ရှိရကြောင်း သုံးစွဲသူအများစုမှာ အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ်ရှိ ဆယ်ကျော်သက် အရွယ်များဖြစ်ကြောင်း၊ ကော်ရှူသူအများစုမှာ လေလွင့်လူငယ်များဖြစ်ပြီး ပြစ်မှုမျိုးစုံကို ကျူးလွန်တတ်သည်ကို တွေ့ရှိရကြောင်း သိရသည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များ အား ဆေးရွက်ကြီးနှင့်ဆိုင်သော ဆက်စပ်ပစ္စည်းများရောင်းခြင်း၊ ဝယ်ခြင်းကို ပြင်းထန်စွာတားမြစ်ပေးထား သည်။ မိမိတို့နိုင်ငံတွင် ဥပဒေနှင့် ပြဌာန်းထားသည့် မူးယစ်ဆေးဝါးစာရင်းဝင်မဟုတ်သော မူးယစ်ဆေးဝါးအချို့ ရှိနေသည်။ စားသုံးသူများ မစားသုံးရလျှင် မနေနိုင်အောင် စွမ်းဆောင်နိုင်သည့် ဆေးလိပ်နှင့် ကွမ်းပင်ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ကော်ရှူခြင်းကို အရေးမယူ နိုင်သော်လည်း တားမြစ်မှုကို ဥပဒေပုဒ်မ ၁၈၈ ဖြင့် ပြုလုပ်နိုင်ကြောင်း သိရသည်။ ကော်ရှူခြင်းနှင့် ပတ်သက်၍ တားဆီးရေးလုပ်ငန်းများအပါအဝင် ပိုမိုထိရောက်ပြီး မိဘပြည်သူများ၊ လုပ်ငန်းရှင်များအပါအဝင် ဥပဒေနှင့် အညီ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ နိုင်ငံတကာကျင့်စဉ်များနှင့် ညီညွတ်မည့်နည်းလမ်းများကို ပညာရှင် များ၊ နှီးနွှယ်ဌာနများနှင့် တာဝန်ရှိပုဂ္ဂုလ်များကို မူးယစ်ဆေးဝါးအသွင် အလွဲသုံးနေသည့် ကော်ရှူခြင်းကို ဝိုင်းဝန်းကာကွယ် ရှာဖွေဖော်ထုတ်မှုများ အောင်မြင်စေချင်ပါကြောင်း ။ ။