နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးသတ်ဆေးအန္တရာယ်

အောက်တိုဘာ   ၂၃


လူမှုဘဝနယ်ပယ်၌ အရာရာတွင် ဓာတုပစ္စည်းနှင့်မကင်းပါ။ အစားအသောက်၊ အဝတ်အထည်၊ သုံးစွဲစရာပစ္စည်းမှအစ ဓာတုဗေဒဓာတ်သဘောနှင့် မလွတ်ကင်းချေ။ လူမှုပတ်ဝန်းကျင်တွင် ဓာတုဗေဒ ဓာတ်သဘောနှင့် မကင်းသည့်အတွက် သတိပြုဆင်ခြင်သုံးစွဲသင့်ပေသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဓာတုကင်းလွတ်သော သီးနှံပင်များကို စိုက်ပျိုးလိုသည့် အဖွဲ့အစည်းများ၊ တောင်သူများကို လိုအပ်နေသည့် နည်းပညာ မျိုးစေ့နှင့် ယန္တရားများကို ကူညီဖြည့်ဆည်းခြင်းဖြင့် ဓာတုကင်းလွတ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ  စိုက်ပျိုးလိုသူများကို တွန်းအားပေးလျက်ရှိသည်။ သို့ရာတွင် တောင်သူလယ်သမားများအနေဖြင့် ဓာတုကင်းလွတ်သည့် အသီးအနှံများကို စိုက်ပျိုးရသည်မှာ ဓာတုပစ္စည်း(ဓာတ်မြေဩဇာ)နှင့် စိုက်ပျိုးသည့် သီးနှံခင်းများကဲ့သို့ အထွက်နှုန်းမတိုးနိုင်ခြင်း၊ ပိုးမွှားအန္တရာယ်မှ မကာကွယ်နိုင်ခြင်းများ ဖြစ်ပွားတတ်၍ မိမိတို့ စိုက်ထုတ်ထားသော စိုက်ပျိုးကုန်ကျငွေများ မကာမိမည်ကို စိုးရိမ်သောကြောင့် များသောအားဖြင့် ဓာတုပစ္စည်း(ဓာတ်မြေဩဇာ)ကိုသာ ထည့်သွင်းစိုက်ပျိုးကြလေ့ရှိသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးသူအများစု သိရှိသုံးစွဲနေသည်မှာ ဓာတုပိုးသတ်ဆေးများဖြစ်သည်။ ဓာတု ပိုးသတ်ဆေးများ၏ ပြဿနာများမှာ အသုံးပြုသူ၊ စားသုံးသူ၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင်ကို အဆိပ်သင့်စေနိုင် ခြင်း စသောဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ အချို့ ဓာတုပိုးသတ်ဆေးများသည် လူနှင့် တိရစ္ဆာန်ကို သေစေနိုင်သည်အထိ အဆိပ်ပြင်းသည်။ နည်းလမ်းတကျ အသုံးပြုဆောင်ရွက်သည်ပင် လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အတွက် ဘေးအန္တရာယ်ရှိသည်။ ယခုအခါ ဓာတုပိုးသတ်ဆေးများ အစားထိုးအဖြစ် ဇီဝပိုးသတ် ဆေး နည်းပညာသစ်များကို အသုံးပြု၍ သီးနှံဖျက်ပိုးများကို ပိုမိုတိကျ ထိရောက်စွာ နှိမ်နှင်းနိုင်သည့် နည်းလမ်း များ ရှိနေပြီဖြစ်သည်။ ဇီဝပိုးသတ်ဆေးအချို့မှာ ဖျက်ပိုးရောဂါများကို နှိမ်နင်းပေးရုံသာမက သီးနှံအရည်အသွေး ကို တိုးတက်ကောင်းမွန်စေခြင်းအပြင် အဆိပ်အတောက်ကင်းခြင်းနှင့် ဓာတ်ကြွင်းများမကျန်ရှိခြင်းကြောင့် အချိန်ကြာကြာ ကိုင်တွယ်ခြင်း သို့မဟုတ် စားသုံးခြင်းပြုသော်လည်း အန္တရာယ်မရှိပါ။

ပုံမှန်စိုက်ပျိုးနည်းစနစ်တွင် ခေတ်မီဓာတုဗေဒဆေးများ၊ ပိုးသတ်ဆေးများ အသုံးပြုကာ စိုက်ပျိုးခြင်း ကြောင့် စားသုံးသူများ ရေစင်ကြယ်စွာမဆေးကြောပါက ဓာတုဗေဒဆေးဝါးများနှင့် ပိုးသတ်ဆေးများ အန္တရာယ်  ကို ခံစားရနိုင်သည်။ တောင်သူလယ်သမားများက စိုက်ပျိုးထုတ်လုပ်လိုက်သော သီးနှံများကို တစ်နိုင်ငံလုံးရှိ ပြည်သူများအားလုံး၏ နေ့စဉ်ဝမ်းစာအာဟာရအဖြစ် မှီတင်းစားသုံးနေကြသည်ဖြစ်ရာ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း တောင်သူများ ထုတ်လုပ်လိုက်သော သီးနှံများသည် ပြည်သူများအတွက် ဘေးဥပဒ်ကင်းစင်နေမှသာ ပြည်သူများ ကျန်းမာရေးသုခပြည့်ဝနိုင်မည်ဖြစ်ပါကြောင်း . . . . . ။    ။






အခြားဆက်စပ်သတင်းများ