နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရဲတပ်ဖွဲ့ကင်းလှည့်နေချိန် ဝရန်တာထွက်ကြည့်ခဲ့သည့် ကလေးငယ် လမ်းကြောင်း ပြောင်းလာသည့် ကျည်ဆန်ထိမှန်၍ သေဆုံး

ဧပြီ  ၂၉၊ နိုင်ရိုဘီ

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ လမ်းများပေါ်တွင် ရဲတပ်ဖွဲ့ ကင်းလှည့်နေစဉ် တိုက်ခန်းဝရန်တာမှ ထွက်ကြည့် ခဲ့သည့် လူငယ်တစ်ဦးမှာ လမ်းကြောင်းပြောင်းလာသည့် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေခြင်းကြောင့် ကင်ညာနိုင်ငံတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်တွင် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၁၃ နှစ်ရှိသည့် ဟူစိန်မိုရိုမှာ ယင်း၏မိခင်၊ နှမ များနှင့်အတူ တိုက်ခန်းဝရန်တာမှ အပြင်ဘက်လမ်းပေါ်သို့ ကြည့်နေစဉ် လမ်းကြောင်းပြောင်းလာသည့် ကျည်ဆန်က ယင်း၏ဝမ်းဗိုက်သို့ ထိမှန်ခဲ့သည်။

ပတ်ဝန်းကျင်တွင် နေထိုင်သူများက ယင်းကို နိုင်ရိုဘီမြို့ဆေးရုံ တင်ပို့ခဲ့သော်လည်း ဟူစိန်မိုရိုမှာ သေနတ် ဒဏ်ရာကြောင့် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ ကင်ညာနိုင်ငံတွင် မတ်လ ၂၇ ရက်မှစတင်၍ နိုင်ငံတစ်ဝန်း ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရာ မတ်လ ၃၀ ရက်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့သည်။ ကင်ညာနိုင်ငံတွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ကြောင့် သေဆုံးခဲ့သူ ၁၆ ဦးရှိသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က CNN သတင်းဌာနသို့ ပြောသည်။ အဆိုပါဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေပြီး ကျည်ဆန်လမ်းကြောင်း အစီရင်ခံစာ ရေးသားနေသည်ဟု ကင်ညာနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။                          

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ