ရန်ကုန် အောက်တိုဘာ ၂၃
ယခု COVID ကာလတွင် ဝန်ထမ်းများလစာအတွက် ငွေသားကိုင်ပြီး ပေးဆောင်ခြင်း (သို့မဟုတ်) ဘဏ်သို့ သွားရောက်လုပ်ဆောင်ခြင်းများပြုလုပ်နေရသူများအတွက် ရောဂါပိုးကာကွယ်နိုင်စေပြီး အဆင်ပြေ ချောမွေ့စွာ လစာငွေများပေးချေနိုင်မည့် ဝန်ဆောင်မှုကို AYA က စီစဉ်ဆောင်ရွက်ပေးထားသည်။
AYA Bank ၏ Corporate Internet Banking ရှိ Bulk Payment ကို အသုံးပြုပြီး မိမိတို့ရုံးမှ ဝန်ထမ်းများလစာကို လွယ်ကူလျင်မြန်စွာ ပေးချေနိုင်ပြီဖြစ်သည်။ Bulk Payment ဖြင့် Transaction (၁)ကြောင်းလျှင် ဝန်ထမ်းအယောက် ၁၀၀ အထိ တစ်ပြိုင်နက်တည်း လစာပေးနိုင်မည်ဖြစ်ပြီး Payroll Service ဖြင့် လစာငွေရရှိသည့် ဝန်ထမ်းများအနေဖြင့် အတိုးရရှိနိုင်မည့် ငွေစုစာရင်းနှင့်အတူ AYA Debit Card (ATM Card) ရရှိနိုင်ခြင်း၊ ATM စက်များတွင် အလွယ်တကူ လစာငွေထုတ်ယူနိုင်ခြင်း၊ ငွေစုစာရင်းကို AYA Internet Banking And Mobile Banking တို့ဖြင့် ချိတ်ဆက်နိုင်သည့်အတွက် လစာအဝင်ကို Privacy ရှိရှိဖြင့် အလွယ်တကူသိရှိနိုင်ခြင်း၊ Promotions And Discounts များကို AYA Bank ၏ မိတ်ဖက် Partner ဆိုင်ကြီး ၂၀၀ ကျော်တွင် ခံစားနိုင်ခြင်း၊ ဘဏ်ဝန်ဆောင်မှုများကို 24/7 အသုံးပြုနိုင်ခြင်း၊ AYA Home Loan လျှောက်ထားပါက အထူးအစီအစဉ်အဖြစ် Down Payment (၂၅% မှစတင်ပြီး)၊ Service Charges (၁.၅%) ဖြင့် လျှောက်ထားနိုင်ခြင်း စသည့်အကျိုးခံစားခွင့်တို့ပါ ရရှိနိုင်မည်ဖြစ်သည်။
AYA Bank ၏ Payroll Service ဖြင့် ချိတ်ဆက်လိုသည့် Company/လုပ်ငန်း အဖွဲ့အစည်များနေဖြင့် ငွေစာရင်းတစ်ခု ဖွင့်လှစ်ပြီး Corporate Internet Banking လျှောက်ထားရမည်ဖြစ်သည်။ Payroll Service ဖြင့် လစာရရှိမည့်ဝန်ထမ်းများအနေဖြင့် ငွေစာရင်းဖွင့်လှစ်ပြီး Mobile Banking လျှောက်ထားရမည်။ AYA Payroll Service ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက 01-2317777 ကို ဆက်သွယ်မေးမြန်းနိုင်သည်။
(WP)