နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်နိုင်ငံတွင် ပိတ်ဆို့မှု ဖြေလျှော့ပါက နှာခေါင်းစည်းများ မဖြစ်မနေဝတ်ဆင်ရန် စည်းမျဉ်းထုတ်ပြန်မည်

ဧပြီ ၂၉၊ ပါရီ

မေလ ၁၁ ရက်တွင် ပိတ်ဆို့မှုများ စတင်ဖြေလျှော့ပါက အများပြည်သူ ပို့ဆောင်ရေးယာဉ်များနှင့် အလယ်တန်းကျောင်းများတွင် နှာခေါင်းစည်း မဝတ်မနေရ စည်းမျဉ်း ထုတ်ပြန်သွားမည်ဟု ပြင်သစ်ဝန်ကြီးချုပ် အီဒေါက်ဖီးလစ်က ပြောသည်။

ပြင်သစ်နိုင်ငံတွင် စာသင်ကျောင်းများ တဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကနဦး အနေဖြင့် မူကြိုနှင့် မူလတန်းကျောင်းများကို ဖွင့်လှစ်မည်ဖြစ်သည်။ အသက် ၁၁ နှစ်မှ ၁၅ နှစ်ကြား အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်ရဖွယ်ရှိသည်။ စပိန်နိုင်ငံ ကလည်း ဇွန်လအကုန်တွင် ပုံမှန်အခြေအနေသစ် ပြန်လည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး ပိတ်ဆို့မှုများမှ လွန်မြောက်ရေးအစီအစဉ်များ ရေးဆွဲလျက်ရှိသည်။

မေလ ၁၁ ရက်မှစတင်၍ မဖြစ်မနေ မလိုအပ်သည့် ဈေးဆိုင်များနှင့် ဈေးများကို ပြန်လည်ဖွင့်လှစ်မည် ဖြစ်သော်လည်း စားသောက်ဆိုင်များနှင့် ဘားများကို ဖွင့်လှစ်ဦးမည်မဟုတ်ပေ။ စတိုးဆိုင်များက ဈေးဝယ်သူ များကို နှာခေါင်းစည်းဝတ်ဆင်လာရန် တောင်းဆိုပိုင်ခွင့်ရှိပြီး တစ်ဦးနှင့်တစ်ဦး ၃ ပေ အကွာတွင် ရှိနေအောင် ဆောင်ရွက်ရမည်ဟု အီဒေါက်ဖီးလစ်က ပြောသည်။ ပြင်သစ်နိုင်ငံသားများအနေဖြင့် အပြင်ထွက်ခွင့် လက်မှတ် မပါဘဲ အိမ်ပြင်ထွက်နိုင်တော့မည်ဖြစ်ပြီး လူ ၁၀ ဦးအထိ စုဝေးခွင့်ပေးမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံမှာ စပိန်၊ အီတလီ၊ ဗြိတိန်နိုင်ငံများနှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုဒဏ်ကို အဆိုးရွားဆုံး ခံစားရသည့် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် ကူးစက်ခံရသူ ၁၃၀၀၀၀ နီးပါးရှိနေပြီး သေဆုံးသူ ၂၃၆၆၀ ဦးရှိသည်။
                                                         
Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ