နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်ရှိ ဘာသာရေးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၍ လူငယ်များအပါအဝင် ၁၂ ဦး သေဆုံး

အောက်တိုဘာ ၂၃၊ ကာဘူးလ်


အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း တာခါပြည်နယ်ရှိ ဘာသာရေးကျောင်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိများက ပြောသည်။ ဟာဇရာကာလပ်ရွာရှိ ဘာသာရေးကျောင်းကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ် ၁၁ ဦးနှင့် ဘာသာရေးခေါင်းဆောင်တို့ သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိများက ဆိုသည်။


သို့သော် ဟာဇရာကာလပ်ရွာတွင် ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှု၌ တာလီဘန်အဖွဲ့ဝင် ၁၂ ဦး ‌သေဆုံးခဲ့ခြင်းဟု အာဖဂန်နစ္စတန်အစိုးရက ပြောသည်။ တာခါပြည်နယ်တွင် တာလီဘန်အဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ပြီးနောက် အာဖဂန်နစ္စတန်အစိုးရက လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် အခြားသူ ၁၄ ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံအရာရှိများက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်က ဗလီအတွင်း ယင်းနှင့် ကလေးငယ်များသာရှိကြောင်း ဒဏ်ရာရ၍ ဆေးရုံတက်နေရသည့် ဗလီဆရာ အဗ္ဗဒူအဝယ်က ပြောသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း အစိုးရတပ်ဖွဲ့များနှင့် တာလီဘန်တပ်ဖွဲ့များကြား တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ရာ ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ထိခိုက်စေခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ