နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရသည့်ဖြစ်ရပ်အတွက် လူခုနစ်ဦးကို စွဲချက်တင်

အောက်တိုဘာ ၂၃၊ ပါရီ


ပြီးခဲ့သည့်ရက်သတ္တပတ်က ပါရီမြို့ရှိ စာသင်ကျောင်းအနီးတွင် ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံရသည့်ဖြစ်ရပ်အတွက် လူခုနစ်ဦးကို စွဲချက်တင်ခဲ့သည်။ အသက် ၄၇ နှစ်ရှိသည့် ဆမ်မြူရယ်ပါတေးမှာ ယင်း၏တပည့်များကို တမန်တော်မိုဟာမက်၏ အငြင်းပွားဖွယ်ကာတွန်းများ ပြသခဲ့ခြင်းကြောင့် ပြစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းကို သတ်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် တိုက်ခိုက်ရေးသမား အန်ဇိုရော့ဗ်ကို ရဲတပ်ဖွဲ့က မကြာမီအချိန်အတွင်း အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။


အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ကျောင်းသားနှစ်ဦး၊ ဆမ်မြူရယ်ပါတေး၏ ကျောင်းသားမိဘတစ်ဦး အပါအဝင် လူခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် သံသယရှိသူ ခြောက်ဦးကို အကြမ်းဖက်လူသတ်မှုတွင် ကြံရာပါအဖြစ် ပါဝင်သည်ဟု စွဲချက်တင်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောသည်။ လူသတ်သမားနှင့် အလွန်ရင်းနှီးသည်ဆိုသည့် အမျိုးသားတစ်ဦးမှာ အကြမ်းဖက်မှုနှင့်ဆက်နွှယ်ပြီး မပြင်းထန်သည့်စွဲချက် ရင်ဆိုင်နေရသည်။


အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသားနှစ်ဦးမှလွဲ၍ အခြားသံသယရှိသူ အားလုံးကို ထိန်းသိမ်းထားသည်။ ဆမ်မြူရယ်ပါတေး အသတ်ခံရသည့်ဖြစ်ရပ်မှာ ပြင်သစ်နိုင်ငံကို တုန်လှုပ်စေခဲ့ပြီး ပြင်သစ်နိုင်ငံတစ်ဝန်း အထိမ်းအမှတ် အခမ်းအနားများ ချီတက်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ပြင်သစ်သမ္မတ မက်ခရွန်က ဆမ်မြူရယ်ပါတေးကို အသံတိတ်သူရဲကောင်း၊ သမ္မတနိုင်ငံ၏ မျက်နှာဖုံးအဖြစ် ချီးကျူးခဲ့သည်။ ထို့အပြင် ဆမ်မြူရယ်ပါတေး၏ ကျန်ရစ်သူမိသားစုကိုလည်း ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သည့် Légion d'honneur ဆု ချီးမြှင့်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ