နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ဆုံး စကားရည်လုပွဲတွင် ဂျိုးဘိုင်ဒင် အသာရဟု စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

အောက်တိုဘာ ၂၃၊ ဝါရှင်တန်


နောက်ဆုံးစကားရည်လုပွဲတွင် စကားဖြတ်ပြောပါက မိုက်ခရိုဖုန်းကို အသံပိတ်ပစ်မယ်ဆိုသည့် သတိပေးချက်ကြောင့် ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့နှစ်ဦးလုံး အပြန်အလှန် လေးစားမှုရှိစွာ စကားရည်လုခဲ့ကြပြီး သဘောထားအမြင် ကောက်ခံမှုများအရ ဂျိုးဘိုင်ဒင် အနိုင်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါစကားရည်လုပွဲတွင် ဒေါ်နယ်ထရမ့်က ၄၁ မိနစ်၊ ဂျိုးဘိုင်ဒင်က ၃၇ မိနစ်၊ ၅၃ စက္ကန့် စကားပြောခွင့်ရခဲ့ပြီး COVID-19 ကပ်ရောဂါ၊ လူမျိုးရေး၊ တရားဥပဒေ၊ စိုးမိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် အကြောင်းအရာများကို အဓိကထား စကားရည်လုခဲ့ကြသည်။


အမေရိကန်ပြည်သူများ အဓိက စိတ်အဝင်စားဆုံးဖြစ်သည့် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ စတင်ရာတွင် ဒေါ်နယ်ထရမ့်ကတော့ ရက်သတ္တပတ်များအတွင်း ကာကွယ်ဆေး အသင့်ဖြစ်စေရမည်ဟု ပြောခဲ့ပြီး ရောဂါကုသရေး ဆေးဝါးသစ်များ၏ အာနိသင်ထိရောက်မှုကို ယင်းကိုယ်တွေ့နဲ့ ယှဉ်ပြီး ပြောခဲ့သည်။


အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ ဂျိုးဘိုင်ဒင်က '' ‌ဒေါ်နယ်ထရမ့်က COVID-19 ရောဂါ သူ့အလိုလို ပျောက်သွားမယ်လို့ ကတိပေးပေါင်းများပြီ၊ အခုတော့ အမေရိကန်နိုင်ငံသား ၂၂၀၀၀၀ အသက်ဆုံးရှုံးခဲ့ရပြီ။ နှစ်ကုန်ကျရင် နောက်ထပ် လူ ၂၀၀၀၀၀ လောက် ထပ်ပြီး အသက်ဆုံးရှုံးရနိုင်တယ်"ဟု ဂျိုးဘိုင်ဒင်က ထိုးနှက်ခဲ့သည်။


ဒေါ်နယ်ထရမ့်က ယူကရိန်း၊ တရုတ်နိုင်ငံတို့တွင်ရှိသည့် သားဖြစ်သူ ဟန်တာဘိုင်ဒင်၏ စီးပွားရေး လုပ်ငန်းများကြောင့် ဂျိုးဘိုင်ဒင်အနေဖြင့် ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရနေသည်ဟု ဝေဖန်ခဲ့သည်။


သို့သော် ဂျိုးဘိုင်ဒင်ကလည်း ဒေါ်နယ်ထရမ့်၏ အခွန်ရှင်းတမ်း၊ တရုတ်နိုင်ငံတွင် ဘဏ်အကောင့်ဖွင့်ထားသည့် ကိစ္စများကို ထောက်ပြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားခဲ့သည်။ CNN သတင်းဌာန၏ စစ်တမ်းတစ်ရပ်အရ ယခုနောက်ဆုံး စကားရည်လုပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့သည်ဟု ၅၁ ရာခိုင်နှုန်း မှတ်ချက်ပေးခဲ့ကြသည်။


Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ