နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာမေးနီးယား-အဇာဘိုင်ဂျန်တိုက်ပွဲတွင် လူ ၅၀၀၀ နီးပါး သေဆုံးခဲ့ဟု ရုရှားသမ္မတ ပြော

အောက်တိုဘာ ၂၃၊ မော်စကို


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နာဂါနို-ကရာဘတ်ဒေသတွင် အာမေးနီးယားနှင့် အဇာဘိုင်ဂျန် တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လူ ၅၀၀၀ နီးပါး သေဆုံးခဲ့သည်ဟု ရုရှားသမ္မတ ပူတင်က ပြောသည်။ အဆိုပါပမာဏမှာ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံ ထုတ်ပြန်သည့် သေဆုံးမှုစာရင်းထက် အလွန်များပြားနေသည်။ ယင်းအနေဖြင့် နေ့စဉ်နေ့တိုင်း နှစ်ဖက်တပ်ဖွဲ့များနှင့် အကြိမ်များစွာ ပြောဆိုဆွေးနွေးလျက်ရှိပြီး အဆိုပါတိုက်ပွဲတွင် မည်သည့်ဘက်ကမျှ ဝင်ပါမည်မဟုတ်ဟု ပူတင်က ဆိုသည်။


အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ အဇာဘိုင်ဂျန်နိုင်ငံကို ထောက်ခံအားပေးလျက်ရှိသည့် တူရကီနိုင်ငံနှင့် အမြင်မတူကြောင်း ပူတင်က ပြောသည်။ နာဂါနို-ကရာဘတ်ဒေသတွင် ငြိမ်းချမ်းရေးဆောင်ကျဉ်းပေးရန်အတွက် ကူညီပံ့ပိုးပေးရန် ပူတင်က အမေရိကန်နိုင်ငံကို တိုက်တွန်းခဲ့သည်။


အာမေးနီးယားနှင့် အဇာဘိုင်ဂျန်နိုင်ငံက လူသားချင်းစာနာထောက်ထားမှု အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခဲ့သည်ဟု အပြန်အလှန် စွပ်စွဲပြီး တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။ နာဂါနို-ကရာဘတ်ဒေသကို အဇာဘိုင်ဂျန်နိုင်ငံပိုင် နယ်မြေအဖြစ် အသိအမှတ်ပြုထားသော်လည်း အာမေးနီးယားတိုင်းရင်းသားများက ထိန်းချုပ်ထားသည်။


Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ