နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးသမ္မတက နိုင်ငံရေးစွက်ဖက်မှုလုပ်သည်ဆိုသော စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးရန် အထက်တရားရုံးချုပ်က ခွင့်ပြု

ဧပြီ  ၂၉၊ ဘရာစီလီယာ

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုက ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ကြားဝင်စွက်ဖက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ဘရာဇီးနိုင်ငံ၏ အထက်တရားရုံးချုပ်က ခွင့်ပြုပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့် စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပုံနည်းလမ်းအရ ဝေဖန်ခံနေရသည့် ဘော်ဆိုနာရိုအတွက် အထက်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်မှာ ဖိအားများစေခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဘရာဇီးနိုင်ငံ တရားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာချိန်တွင် ဆာဂျီယိုမိုရိုက ဘော်ဆိုနာရိုအပေါ် ယခုကဲ့သို့ စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ဘရာဇီးပြည်ထောင်စုရဲမှူးချုပ်နေရာအတွက် အစားထိုးခန့်အပ်မှုလုပ်လိုက်သည့် ဘော်ဆိုနာရို၏ ဆုံးဖြတ်ချက်ကြောင့် ဆာဂျီယိုမိုရိုက ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုရဲမှူးချုပ်ကို ထုတ်ပယ် ခြင်း၊ ခန့်အပ်ခြင်းမှာ တရားရေးဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး ဘော်ဆိုနာရိုက နိုင်ငံရေးစွက်ဖက်ခဲ့သည်ဟု ဆာဂျီယိုမိုရိုက ပြောသည်။ ယင်းအနေဖြင့် အမှားအယွင်းတစ်စုံတရာလုပ်ခဲ့ခြင်းမရှိကြောင်း  ဘော်ဆိုနာရိုက တုံ့ပြန်ခဲ့ပြီး ဆာဂျီယိုမိုရိုကို လူလိမ်ဟု သမုတ်ခဲ့သည်။                     

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ