နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် COVID-19 ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာပြီး ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ၏ သုံးပုံ၊ တစ်ပုံနီးပါးရှိနေ

ဧပြီ   ၂၉၊ ဝါရှင်တန်

အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာပြီး ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ပမာဏ၏ သုံးပုံ၊ တစ်ပုံနီးပါး ဖြစ်လာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။

အမေရိကန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၅၈၀၀၀ ကျော်ရှိလာခဲ့ရာ အဆိုပါပမာဏမှာ ဗီယက်နမ်စစ်ပွဲတွင် ကျဆုံးခဲ့သည့် အမေရိကန်စစ်သည်အရေအတွက်ထက် ပိုများနေသည်။

လူဦးရေ သန်း ၃၃၀ ရှိသည့် အမေရိကန်နိုင်ငံတွင် လူအများအပြားကို ရောဂါ ရှိ၊ မရှိ စစ်ဆေးခြင်းကြောင့် COVID-19 အတည်ပြုလူနာ အများအပြား တွေ့ရခြင်းဖြစ်နိုင်သည်ဟု ယူဆထားကြသည်။ အမေရိကန်နိုင်ငံမှာ လွန်ခဲ့သည့်နှစ်လအတွင်း စမ်းသပ်စစ်ဆေးမှု ၅.၇ သန်းလုပ်ခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံတွင် ပျမ်းမျှအားဖြင့် လူ ၁၀၀၀ လျှင် ၁၆.၃ ဦးကို စမ်းသပ်နေပြီး အီတလီနိုင်ငံပြီးနောက် ပျမ်းမျှစစ်ဆေးမှုအများဆုံးဖြစ်သည်။ အမေရိကန်နိုင်ငံအနေဖြင့် မကြာမီအချိန်အတွင်း တစ်ရက်လျှင် ရောဂါ ရှိ၊ မရှိ စစ်ဆေးမှု ၅ သန်းအထိ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံက တစ်ရက်ကို လူ ၂၀၀၀၀၀ နှုန်း စမ်းသပ်စစ်ဆေးလျက်ရှိသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု ပြင်းထန်နေသော်လည်း အသားပြတ်လပ်မှုဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့် ဒေါ်နယ်ထရမ့်က အသားထုတ်လုပ်သည့် စက်ရုံများကို ဆက်ဖွင့်ခွင့်ပေးထားသည်။             

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ