နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးဆောင်ရွက်ရာ

အောက်တိုဘာ   ၂၂


ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ပင်ဖြစ်သည်။ ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုးဆောင်ရွက်ခြင်း ဟူ၍ အကျိုးနှစ်ပါးဖြစ်ပေါ်စေသည့် ဆောင်ရွက်ခြင်းနှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုးသယ်ပိုး ဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။ လူသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့တတ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းအဖွဲ့ဖြစ်စေ၊ ဒေသတစ်ခုခုဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရသည်။ အများအကျိုးသယ်ပိုးလိုသည့် စိတ်ကောင်းစိတ်မြတ် ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြရသည်။ ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်း မွေးမြူထားရှိအပ်သောစိတ်ဖြစ် သည်။ ပရဟိတလုပ်ငန်းများကို လူတစ်ဦးမှအစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာ အနှံ့ပင် ဖြစ်လာသည်။ ပရဟိတလုပ်ငန်းတို့ဖြင့် လူမှုဘဝဒုက္ခတို့ကို ဖြေပျောက်စေနိုင်၏။

လူ့ဘဝတွင် ဖြစ်ပြန် ပျက်ပြန် လောကဓံဆိုသည့်အတိုင်း နိမ့်တစ်ခါ မြင့်တစ်လှည့် ရှိတတ်ပါသည်။ လူ့ဘဝ သည် အမြဲတမ်း နိမ့်ကျမနေနိုင်သလို အမြဲတမ်းလည်း အထက်တန်းကျကျ မျက်နှာပန်းလှမနေနိုင်ပါ။ ယနေ့ ကာလတွင် COVID-19 ရောဂါကြောင့် လူအများ စိုးရိမ်ကြောင့်ကြမှုများနှင့် ရင်ဆိုင်ကျော်လွှားနေရသည်။ ရောဂါမကူးစက်ရေး၊ ကာကွယ်ရေး၊ ကူးစက်မှုဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရေး လုံးပမ်းဆောင်ရွက်ကြရသည်။ တချို့မိသားစုများ ကူးစက်မှုကြောင့် ဆေးရုံတက်ရောက်သူများရှိသကဲ့သို့ ကန့်သတ်စောင့်ကြည့် မိသားစုများလည်း ပူပင်သောကရောက်ရှိနေသည်။ ကန့်သတ်စောင့်ကြည့်နေရာများတွင် ရောက်ရှိ၍နေကြသူ များက ရောဂါလက္ခဏာမပြသေးသူများက တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းဖေးမ ကူညီဆောင်ရွက်သကဲ့သို့ နာလန် ပြန်ထလာသောလူနာများကလည်း ရောက်ရှိလာသော လူနများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက် ရှိသည်ကို ကြားသိရသည်။ ရပ်ရွာအတွင်း ဝိုင်းဝန်းစောင့်ရှောက်မှုများကလည်း ရပ်သူရွာသားဘဝ အများအကျိုး အတွက် လက်တွဲဆောင်ရွက်မှုများက လေးစားအားကျရပေသည်။

သို့ပါ၍ လူတိုင်းလူတိုင်းသည် အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုသည့် စကားအတိုင်း လူမှု အသိုင်းအဝိုင်းအတွင်း သာမှု၊နာမှုကိစ္စအဝဝနှင့်  လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ တက်ကြွစွာ ပါဝင်လုပ်ကိုင် ပေးသောစိတ်ဓာတ် မွေးမြူဆောင်ရွက်သင့်ပါကြောင်း . . . . . ။           ။






အခြားဆက်စပ်သတင်းများ