ရန်ကုန် ဧပြီ ၂၈
အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး ဦးဝင်းနိုင်တို့၏ဦးဆောင် ကြီးကြပ်မှုဖြင့် လက်ထောက်အုပ်ချူပ်ရေးမှူး ဦးကျော်သူဟန် စီမံခန့်ခွဲကာ ရုံးဝန်ထမ်းများက လုပ်အားဒါနဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ Stay Home နေထိုင်ကာ COVID-19 ရှောင်ပြည်သူများအတွက် အစားအသောက် အဆင်ပြေစေရန် နေ့စဉ်စားသောက်ကုန်များဖြစ်သော အခြေခံစားကုန်များ၊ ဟင်းသီးဟင်းရွက်များ၊ အသား၊ငါးများကို မှာယူသည့် ပြည်သူများထံသို့ အိမ်အရောက်ပို့စနစ်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်ကို ဧပြီ ၂၇ ရက်က မြင်တွေ့ရစဉ်။
(NWA)