နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန္ဒပြသူများ ပစ်ခတ်ခံရပြီးနောက် နိုင်ဂျီးရီးယားတွင် အဆောက်အအုံများ မီးတင်ရှို့ခံရ

အောက်တိုဘာ ၂၂၊ အဘူဂျာ


ဆန္ဒပြပွဲတွင် ဆန္ဒပြသူများ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သည့် လာဂို့စ်မြို့တွင် ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး အဆောက်အအုံများ မီးတင်ရှို့ခံခဲ့ရသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က လာဂို့စ်မြို့တွင် စစ်သည်များ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။


လာဂို့စ်မြို့နှင့် အခြားဒေသတစ်ခုတွင် ၂၄ နာရီပတ်လုံး အိမ်ပြင်မထွက်ရအမိန့်ကို ကာလအကန့်အသတ်မရှိ ထုတ်ပြန်ထားသော်လည်း အမိန့်ဖီဆန်ပြီး လမ်းပေါ်ထွက်ဆန္ဒပြမှုများ ရှိနေသည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် ဓားပြမှုဆန့်ကျင်တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့(Sars)၏ အင်အားသုံး အနိုင်ကျင့်မှုများအပေါ် ဆန့်ကျင်သည့်ဆန္ဒပြပွဲများ ရက်သတ္တနှစ်ပတ်ကြာ ဖြစ်ပွားခဲ့သည်။


အောက်တိုဘာလ ၁၁ ရက်တွင် နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက (Sars) ကို ဖျက်သိမ်းလိုက်သော်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များအတွင်း ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ရေး၊ နိုင်ဂျီးရီးယားနိုင်ငံ၏ လမ်းစဉ်များကို ပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုခဲ့ကြသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က လာဂို့စ်မြို့တွင် အဆောက်အအုံများ မီးတင်ရှို့ခံရပြီး ရဲများက လမ်းများကို ပိတ်ဆို့ထားသည်။ အာဏာရပါတီ၏ နိုင်ငံရေးသမားတစ်ဦးနှင့် ဆက်နွှယ်သည့် ရုပ်သံဌာနမှာလည်း မီးလောင်ဗုံးများ ပစ်သွင်းခံရခြင်းကြောင့် မီးလောင်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ