နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်တွင် ဗီဇာလျှောက်ထားသည့် လူအုပ်ပြိုလဲခြင်းကြောင့် အမျိုးသမီး ၁၁ ဦး သေဆုံး

အောက်တိုဘာ ၂၂၊ ကာဘူးလ်


အာဖဂန်နစ္စတန်နိုင်ငံရှိ ဗီဇာလျှောက်ထားသည့် ဘောလုံးကွင်းအတွင်း လူအုပ်ပြိုလဲခဲ့ခြင်းကြောင့် အနည်းဆုံး အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်း အာဖဂန်နစ္စတန်အရာရှိများက ပြောသည်။ ပါကစ္စတန်နိုင်ငံသို့ သွားခွင့်ရရန် တောင်းဆိုသူ ထောင်ပေါင်းများစွာ စုဝေးရောက်ရှိလာခဲ့ပြီးနောက် လူအုပ်ပြိုလဲခဲ့ခြင်းဟု ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


ပုံမှန်အားဖြင့် ဂျာလာလာဘတ်မြို့ရှိ ဗီဇာစင်တာတွင် ဗီဇာလျှောက်ထားလေ့ရှိသော်လည်း လူများပြားလွန်းသည့်အတွက် ဘောလုံးကွင်းအတွင်း ပြောင်းလဲနေရာချခဲ့ခြင်းဖြစ်သည်။ COVID-19 ကပ်ရောဂါကြောင့် ပါကစ္စတန်ပြည်ဝင်ခွင့် လျှောက်ထားမှုများကို ၇ လကြာ ရပ်နားထားရာမှ ပြန်လည် စတင်ချိန်တွင် လူအများအပြား လာရောက်လျှောက်ထားခြင်းဖြစ်သည်။


'' ဗီဇာလျှောက်တဲ့သူတွေက ကောင်စစ်ဝန်ရုံး အရာရှိတွေရဲ့အတည်ပြုချက်ရဖို့ အလုအယက်တိုးဝှေ့ခဲ့ရင်း ထိန်းမနိုင်၊ သိမ်းမရဖြစ်ပြီး လူအုပ်ပြိုလဲခဲ့တာပါ'' ဟု ဂျာလာလာဘတ်မြို့မှ အရာရှိတစ်ဦးက ပြောသည်။ အဆိုပါဖြစ်ရပ်အတွက် အလွန်အမင်း ဝမ်းနည်းမိသည်ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ် အာမတ်ခန်းက ပြောသည်။ ထို့အပြင် ဗီဇာလျှောက်ထားသူများကို ပိုမိုကောင်းမွန်သည့် နေရာထိုင်ခင်း ချထားပေးရန် အာဖဂန်နစ္စတန်အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးနေသည်ဟု ယင်းက ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ