နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံ၏ မဲစာရင်းဆိုင်ရာ သတင်းအချက်အလက်များကို အီရန်နှင့် ရုရှားနိုင်ငံ ရရှိထားဟု ဆို

အောက်တိုဘာ ၂၂၊ ဝါရှင်တန်


ဒီမိုကရက်တစ်ပါတီကို ထောက်ခံသည့် မဲပေးသူများထံ ခြိမ်းခြောက်သည့် အီးမေးလ်များပေးပို့မှု အတွက် အီရန်နိုင်ငံတွင် တာဝန်ရှိသည်ဟု အမေရိကန်နိုင်ငံ လုံခြုံရေးအရာရှိများက ပြောသည်။ အီရန်နှင့် ရုရှားနိုင်ငံများမှာ မဲစာရင်းဆိုင်ရာ သတင်းအချက်အလက်များ ရရှိထားသည်ဟု အမေရိကန် အရာရှိများက တွေ့ရှိခဲ့ကြောင်း အမျိုးသားလုံခြုံရေးဒါရိုက်တာ ဂျွန်ရက်ကလစ်ဖ်က ပြောသည်။ သမ္မတရွေးကောက်ပွဲကျင်းပရန် ၁၃ ရက်အလိုတွင် ဂျွန်ရက်ကလစ်ဖ်က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။


သမ္မတရွေးကောက်ပွဲနီးကပ်နေချိန်တွင် ယခုကဲ့သို့ ပုံမှန်မဟုတ်သည့် ထောက်လှမ်းရေးသတင်း အချက်အလက်ဆိုင်ရာ ရှင်းလင်းပြောကြားမှုမှာ မဲပေးမှုဆိုင်ရာ ကြားဝင်စွက်ဖက်မှုနှင့် ပြည်ပနိုင်ငံများ၏ သတင်းမှား ဖြန့်သည့်လှုပ်ရှားမှုအပေါ်  အစိုးရ၏ စိုးရိမ်ပူပန်နေသည့် သက်သေအထောက်အထားတစ်ရပ် ဖြစ်သည်။ 


ဒေါ်နယ်ထရမ့်ကို ထောက်ခံသည့် လက်ယာစွန်းရောက်အဖွဲ့ Proud Boys မှတစ်ဆင့် ပေးပို့ခဲ့သည့် အီရန်နိုင်ငံ၏ ခြိမ်းခြောက်သည့် အီးမေးလ်များမှာ မဲပေးသူများကို အကြပ်ကိုင်ရန်၊ ဆူပူအုံကြွစေရန်၊ သမ္မတဒေါ်နယ်ထရမ့်ကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဂျွန်ရက်ကလစ်ဖ်က ပြောသည်။ ရုရှားနိုင်ငံထံမှ အလားတူလုပ်ရပ်မျိုး မတွေ့ရသေးသော်လည်း ရုရှားနိုင်ငံတွင်လည်း မဲစာရင်းဆိုင်ရာ အချက်အလက်များရှိနေသည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ