နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန မှ ဝန်ထမ်းများ၊ ရေသည်ယာဥ် များ၊ ရေဖြန်းယာဥ်များဖြင့် ဆေးဖြန်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်သိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ ဌာနမှူး ဦးဆောင်၍ ယနေ့ည ၉ နာရီက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်ပြည်သူဆေးရုံကြီး အတွင်းအပြင် နေရာများဆေးဖြန်းနေမှုများအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ၊ ဒုတိယမြို့တော်ဝန်ဦးစိုးလွင်၊ နှင့်တာဝန်ရှိသူများ သွားရောက်၍ ကြည့်ရူ့စစ်ဆေးခဲ့သည်။ ပထမဦးဆုံး ရန်ကုန်ဆေးရုံကြီးကို စဖြန်းပါတယ်၊ လမ်းမကြီးတွေလဲပါတယ်၊ ထုတ်သုံးလို့ရတဲ့ကားတွေကို ထုတ်သုံးတယ်၊ အတွင်းရောအပြင်ရောပေါ့၊ အတွင်းပိုင်းကြတော့ ကားကြီးနဲ့ဝင်လို့မရဘူး၊ အတွင်းပိုင်းတွေကိုတော့ နေရာအနံ့ လူတွေဝင်ပြီးတော့ဖြန်းပါတယ်၊ ဆေးဖြန်းတာကတော့ YCDC ကပါပဲ ဖြန်းမဲ့နေရာတွေကိုတော့ ဆေးရုံအုပ် ကြီးက စီမံခန့်ခွဲတာပါ ၊သူတို့ဖြန်းချင်တဲ့နေရာတွေကို လိုက်ဖြန်းပေးပါတယ်၊ ရပ်ကွက်ထဲတွေထဲမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဖြန်းချင်တာတွေရှိတယ် သူတို့ကကျနောတို့ကိုပြောပါတယ်၊ သူတို့တွေကိုလဲ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတွေနဲ့တွဲပေးပါတယ်။မြို့နယ်တိုင်းကိုလဲ ဆေးပုံးတွေ ထုတ်ပေးထားပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကပြောသည်။ ယခုလိုဆေးဖြန်းခြင်းများအား မြောက်ဥက္ကလာဆေးရုံနှင့် ဝေဘာဂီ ဆေးရုံများကိုလဲ မတ်လ ၃၀ ရက်ညနေပိုင်းတွင် ဆက်လက်ဖြန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ