နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာ

အောက်တိုဘာ ၂၂၊ မက်ဒရစ်


စပိန်နိုင်ငံတွင် COVID-19  ရောဂါပိုး ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာခဲ့သည်။ စပိန်နိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူတစ်သန်းကျော်ရှိသည့် (၆) နိုင်ငံမြောက်ဖြစ်ပြီး အနောက်ဥရောပ နိုင်ငံများအနက် COVID-19 လူနာတစ်သန်းကျော်ရှိလာသည့် ပထမဆုံးနိုင်ငံဖြစ်သည်။ စပိန်နိုင်ငံမတိုင်မီအမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနှင့် အာဂျင်တီးနားနိုင်ငံများတွင် COVID-19 အတည်ပြုလူနာ ၁ သန်းပြည့်မြောက်ခဲ့သည်။


ဇန်နဝါရီလ ၃၁ ရက်က COVID-19  ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့သည့် စပိန်နိုင်ငံမှာ လက်ရှိအချိန်တွင် အတည်ပြုလူနာ ၁၀၀၅၂၉၅ ဦး ရှိနေပြီး ၃၄၃၆၆ ဦး သေဆုံးခဲ့သည်။ ယခုလအစောပိုင်းက ဥရောပတိုက်တွင် COVID-19  ရောဂါပိုးကူးစက်ပျံ့နှံ့မှု တစ်ကျော့ပြန် မြင့်တက်လာခဲ့ခြင်းကြောင့် စပိန်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ နိုင်ငံများအပါအဝင် နိုင်ငံအများအပြားတွင် တင်းကျပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည်။


မက်ဒရစ်မြို့ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့မည့်ဆုံးဖြတ်ချက်ကို မက်ဒရစ်မြို့အာဏာပိုင်များက တရားရုံးတွင် ပယ်ဖျက်ခဲ့သော်လည်း စပိန်ဗဟိုအစိုးရက မက်ဒရစ်မြို့တွင် ၁၅ ရက်ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ