နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ရင်ဆိုင်နေရ

အောက်တိုဘာ ၂၁၊ ဟနွိုင်း


ဗီယက်နမ်နိုင်ငံမှ လူသန်းပေါင်းများစွာမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ရင်ဆိုင်နေရကြောင်း ကြက်ခြေနီအဖွဲ့က ပြောသည်။ အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ခြင်းကြောင့် စစ်သည်အများအပြား အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်။


'' မြင်တွေ့သမျှနေရာတိုင်း အိမ်တွေရော၊ လမ်းတွေရော၊ အခြေခံအဆောက်အအုံတွေရော ရေမြုပ်နေကြပါတယ်'' ဟု ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။


ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ဗီယက်နမ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အပြင် လာမည့်ရက်များအတွင်း မိုးထပ်မံရွာသွန်းမည်ဟု ခန့်မှန်းထားခြင်းကြောင့် ရေထပ်တက်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။


'' ပျက်စီးဆုံးရှုံးမှုများတဲ့ ဒီရေဘေးကတော့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကြုံဖူးသမျှထဲမှာ အဆိုးဆုံးပါပဲ။ COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲတွေကနေ နလန်ထူဖို့ ကြိုးစားနေတဲ့ လူသန်းပေါင်းများစွာရဲ့ ရှင်သန်ရပ်တည်မှုကို ကြီးကြီးမားမား ထိုးနှက်နေတာပါ'' ဟု ဗီယက်နမ်ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ငုယင်သီရှောင်သူက ပြောသည်။


COVID-19 ကပ်ရောဂါနှင့် ရေကြီးရေလျှံမှု စသည့် ဘေးအန္တရာယ်ဆိုးနှစ်ရပ် ရင်ဆိုင်နေရသည့် ဗီယက်နမ်ပြည်သူ သိန်းပေါင်းများစွာမှာ အရေးပေါ်ခိုလှုံစရာနေရာ၊ သောက်ရေနှင့် အစားအစာ အရေးတကြီး လိုအပ်နေကြောင်း ကြက်ခြေနီအဖွဲ့က ပြောသည်။


ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး နေအိမ် ၁၇၈၀၀၀ ရေဖုံးလွှမ်းခဲ့ပြီး ကောက်ပဲသီးနှံများလည်း ပျက်စီးခဲ့သည်။ ထို့အပြင် ရေဘေးကြောင့် သေဆုံး သို့မဟုတ် မျောပါခဲ့သည့် ကြက်၊ ဝက် အစရှိသော မွေးမြူရေးတိရစ္ဆာန်အရေအတွက်မှာလည်း ၇၀၀၀၀၀ ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ