နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွီဒင်ဂျာနယ်လစ်ကို သတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူကို ထောင်ဖောက်ရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးရမိ

အောက်တိုဘာ ၂၁၊ ကိုပင်ဟေဂင်


ဆွီဒင်ဂျာနယ်လစ် ကင်ဝေါ်ကို သတ်ခဲ့သည့် ဒိန်းမတ်နိုင်ငံသား ရေငုပ်သင်္ဘော တည်ဆောက်သူ ပီတာမတ်ဆန်ကို ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းနေစဉ် ဖမ်းဆီးရမိခဲ့သည်။ ထွက်ပေါ်လာသည့် ဓာတ်ပုံများအရ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ အနောက်ဘက်ရှိ အကျဉ်းထောင်အနီးတွင် လက်နက်ကိုင်ရဲအရာရှိများက ပီတာမတ်ဆန်ကို ဝိုင်းထားကြောင်း တွေ့ရသည်။


ပီတာမတ်ဆန်မှာ ကင်ဝေါ်ကို သတ်ဖြတ်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူဖြစ်သည်။
ကင်ဝေါ်သည် ပီတာမတ်ဆန်ကို အင်တာဗျူးလုပ်ရန်အတွက် ၂၀၁၇ ခုနှစ်က ယင်း၏ ရေငုပ်သင်္ဘောနှင့်အတူ လိုက်ပါခဲ့သည်။ သို့သော် ၁၁ ရက်အကြာတွင် ခုတ်ထစ်ပိုင်းဖြတ်ခံထားရသည့် ကင်ဝေါ်၏ ရုပ်အလောင်းကို ကမ်းခြေတစ်ခုတွင် ဖြတ်သွားဖြတ်လာသူတစ်ဦးက တွေ့ရှိခဲ့သည်။


ကင်ဝေါ်မှာ မြောက်ကိုရီးယားနိုင်ငံမှအစ ယူဂန်ဒါနိုင်ငံအဆုံး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် သတင်းဖြစ်စဉ်များကို ရေးသားဖော်ပြသည့် အလွတ်တန်းဂျာနယ်လစ်တစ်ဦးဖြစ်သည်။ Ekstrabladet ဝက်ဘ်ဆိုက်မှ ဓာတ်ပုံဆရာတစ်ဦး ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းအရ ဗုံးခါးပတ်တစ်ခု ပတ်ထားသည့် ပီတာမတ်ဆန်က ခြံစည်းရိုးကို ကျောပေးလျက် အနေအထားဖြင့် ထိုင်နေကြောင်း တွေ့ရသည်။


ထို့နောက်တွင် ဗုံးရှင်းလင်းရေးအဖွဲ့ကို အဆိုပါနေရာသို့ စေလွှတ်ပြီး ပီတာမတ်ဆန်ကို ပြန်လည်ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဒိန်းမတ်နိုင်ငံ၏ ဥပဒေအရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသည့် ပီတာမတ်ဆန်အနေဖြင့် အနည်းဆုံး ထောင်ဒဏ် ၁၇ နှစ် ကျခံရမည်ဖြစ်သည်။                         


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ