နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမိသည့် တရုတ်စစ်သည်ကို အိန္ဒိယနိုင်ငံက ပြန်လည်လွှဲပြောင်းပေး

အောက်တိုဘာ ၂၁၊ နယူးဒေလီ


ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်တွင် အိန္ဒိယပိုင်နက်အတွင်း ဝင်လာမိသည့် တရုတ်စစ်သည်ကို အိန္ဒိယအာဏာပိုင်များက တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်ဟု စစ်တပ်အရာရှိများက ပြောသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင် စစ်သည်ကို လာဒက်ဒေသရှိ ဒင်းချော့နယ်မြေတွင် ဖမ်းဆီးရမိခဲ့ခြင်းဟု ပြီးခဲ့သည့်တနင်္လာနေ့တွင် အိန္ဒိယနိုင်ငံက ပြောသည်။


တရုတ်စစ်သည်မှာ ကယောင်ချောက်ချားဖြစ်နေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်ပြီး အောက်ဆီဂျင်ပေးခဲ့ရသည်ဟု အိန္ဒိယစစ်တပ်က ပြောသည်။
ပြီးခဲ့သည့်ဇွန်လက ဟိမဝန္တာဒေသတွင် လူသေဆုံးစေသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်ခဲ့ရာ တင်းမာမှုကို လျှော့ချနိုင်စေရန် နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။


တိကျရေရာမှု အားနည်းသည့် နယ်စပ်ထိန်းချုပ်ရေးစည်းတွင် မရည်ရွယ်ဘဲ နယ်စပ်ဖြတ်ကျော်မှုများ ဖြစ်ပွားခဲ့ခြင်းမှာ တိုက်ပွဲများ ဖြစ်ပွားစေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ပြီးခဲ့သည့်စက်တင်ဘာလတွင် တရုတ်နိုင်ငံပိုင်နက်အတွင်း ရောက်ရှိသွားသည့် အိန္ဒိယနိုင်ငံသား ၅ ယောက်ကို တရုတ်နိုင်ငံက ပြန်လွှတ်ပေးခဲ့ဖူးသည်။ ယင်းတို့ ၅ ဦးမှာ တရုတ်နိုင်ငံ ပိုင်နက်အတွင်း မတော်တဆရောက်ရှိသွားသည့် လူငယ်မုဆိုးများဖြစ်သည်ဟု အိန္ဒိယနိုင်ငံက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ