ရန်ကုန် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ သပြေကုန်းရပ်ကွက် နှင့် ရေတွင်းကုန်းရပ်ကွက်ရှိ အာဒါးလမ်းမပေါ်၌ ရောင်းချနေသောစျေးဆိုင်များအား ယနေ့ ညနေ ၄ နာရီခွဲအချိန်က
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့်လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့သည် COVID -19 ရောကာကွယ်ထိန်းချုပ်ရေးကာလတွင် မလိုလားအပ်သည့် ကိစ္စရပ်များ မပေါ်ပေါက်စေရန်အတွက် သွားရောက် ကြည့်ရူ့စစ်ဆေးရာ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး မြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးအောင်ဝင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးခင်လှိုင်နှင့် အဖွဲ့ဝင်များ ၊တာဝန်ရှိသူများ က လိုက်ပါ၍ ရှင်းလင်းတင်ပြကာ ရန်ကုန်မြို့တော်ဝန်မှ လိုအပ်သည်များမှာကြားခဲ့သည်။
သတင်း မိုးမြင့်မောင်
ဓာတ်ပုံ . ကျော်သူထက်