နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီးပွားရေးဖွံ့ဖြိုးမှုဇုန်(ဒဂုံမြို့သစ်မြောက်ပိုင်း) အား သက်ဆိုင်ရာမှ အကြုံပြုချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်ဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်ထား

ရန်ကုန်   ဧပြီ  ၂၈

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း တည်ရှိသော စီးပွားရေးဖွံ့ဖြိုးမှုဇုန် (ဒဂုံမြို့သစ်မြောက်ပိုင်း) အား ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာမှ အကြံပြုချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်ဖွင့်နိုင်စေရန် စီစဉ်ဆောင်ရွက်ထားကြောင်း စီးပွားရေးဖွံ့ဖြိုးမှုဇုန် (ဒဂုံမြို့သစ်မြောက်ပိုင်း) ကွပ်ကဲမှုရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စီးပွားရေးဖွံ့ဖြိုးမှုဇုန် (ဒဂုံမြို့သစ်မြောက်ပိုင်း)တွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၉၀ ကျော်ရှိပြီး ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးအတွက် စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၊ စက်မှုဇုန်သို့လာရောက်သော မော်တော်ယာဉ်များနှင့် လမ်းများကို ပိုးသတ်ဆေးဖျန်းခြင်း၊ စက်မှုဇုန်အတွင်း ဝင်ရောက်လာသူများကို အပူချိန်တိုင်းတာ စစ်ဆေးခြင်းနှင့် အခြားလိုအပ်သည်များ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19)ကို ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် လူစုလူဝေးမဖြစ်ပေါ်စေရန် စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုက်လံစစ်ဆေးလျက်ရှိပြီး စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော စက်ရုံ၊အလုပ်ရုံများကိုသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စက်ရုံ၊ အလုပ်ရုံများကို လိုက်လံစစ်ဆေးရာတွင် ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ စားသောက်ကုန် ထုတ်လုပ်ရေးစက်ရုံများ၊ ကျန်းမာရေးလိုအပ်ချက်နှင့်ကိုက်ညီပြီး ပြန်လည်ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ ၁၀ဝ၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများနှင့် အခြားစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ စသည့် ဦးစားပေးအစီအစဉ်အတိုင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
                                                    
(မိုးယံထက်)






အခြားဆက်စပ်သတင်းများ