နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌မိုးစပါး ထိခိုက်မှုမရှိစေရေး ဂရုပြုဆောင်ရွက်

ရန်ကုန်   အောက်တိုဘာ ၂၀


ယခုအချိန်သည် တစ်နိုင်ငံလုံး၌ မိုးစပါးများ ရိတ်သိမ်းရမည့်အချိန် ဖြစ်သည်။ စပါးများ ရိတ်သိမ်းအပြီးတွင် သီးထပ်၊ သီးနှံများအား အစိုဓာတ်အမီ မျိုးစေ့ချစိုက်ပျိုးနိုင်ရေးနှင့် ယာမြေများတွင် ဆောင်းသီးနှံများအား  မြေတွင်းလက်ကျန်အစိုဓာတ်ဖြင့် အမြန်ဆုံး ထွန်ယက်စိုက်ပျိုးကြရမည့် ကာလလည်းဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒဌာန၏ ထုတ်ပြန်ချက်အရ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ အောက်တိုဘာ ၁၈ ရက် တွင် အပြီးဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြထားသည်။ သို့ရာတွင် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်ပေါ်မှု များကြောင့် မိုးရွာသွန်းမှုများလည်း အသင့်အတင့် ရှိနေသည်။ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှု၊ လေပွေလှိုင်း ဖြစ်ပေါ်မှုများကြောင့် မုန်တိုင်းမိုးရွာသွန်းလာပါက ရင့်မှည့်ပြီး စပါးစိုက်ခင်းများနှင့် ရိတ်သိမ်းဆဲစပါးစိုက်ခင်း များတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးအတွက် သက်ဆိုင်ရာက အသိပေးထားသည်။

ရင့်မှည့်ပြီးစပါးခင်းများ မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ယိုင်လဲမှုများ ဖြစ်ပေါ်ပါက ယင်းစပါးခင်း များတွင် အောက်ရေကို အမြန်ဆုံးထုတ်ပေးပြီး ရိတ်သိမ်းစက်၊ ခြွေလှေ့စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ အခြောက် ခံစက်များ အသုံးပြု၍ စက်စွမ်းအား၊ လူစွမ်းအားဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တလင်းပျောက်စနစ် ဖြင့် ရိတ်သိမ်းခြင်းဖြင့် ဆုံးရှုံးမှုများ သက်သာစေနိုင်သည်။ စပါးရိတ်သိမ်းကြရာတွင် လူအားသာမက စပါးရိတ် သိမ်းခြွေလှေ့စက်ကြီးများ၏ အကူအညီဖြင့် အချိန်နှင့် လုပ်အားသက်သာစွာ ရိတ်သိမ်းနိုင်ရေး သက်ဆိုင်ရာ  လယ်ယာဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြမည့် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ဆက်သွယ်ကြရန် နှင့် အကြောင်းအမျိုးမျိုးကြောင့် Combine Harvester များဖြင့် မရိတ်သိမ်းနိုင်ပါက ရိတ်သိမ်းပြီး စပါးကောက် လှိုင်များအား အမိုးအကာအောက်သို့ အမြန်ဆုံး ရောက်ရှိစေရေး ကြိုတင်စီမံထားရှိရန် လိုအပ်သည်။ မိုး ရွာသွန်းမှုကြောင့် ရရှိလာသောရေများကို အလဟဿ စီးဆင်းမသွားစေရေးအတွက် ရေလှောင်ကန်များ၊ တစ်ဖက်ပိတ်ဆည်ငယ်များအား သင့်လျော်သည့် နေရာတွင် တည်ဆောက်ကြရန်၊ ရှိပြီးကန်များတွင် လိုအပ် သည့် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ထားရန် စိုက်ပျိုးရေးဦးစီးဌာနက အကြုံပြုထားသည်။

လယ်ယာကဏ္ဍသည် မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းလည်းဖြစ်ပြီး လူဦးရေအများဆုံးဖြစ်သော ကျေးလက်ဒေသနေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလည်းဖြစ်ရာ လယ်ယာကဏ္ဍနှင့် စိုက်ပျိုး သီးနှံများ စိုက်ပျိုးသမျှ အောင်မြင်ပြီး အကျိုးဖြစ်ထွန်းမှု အပြည့်အဝရရှိရေးအတွက် ရာသီအလိုက်ရှောင်ရန်၊ ဆောင်ရန်အချက်များကို အထူးဂရုပြုအလေးထားလိုက်နာလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း ။       ။






အခြားဆက်စပ်သတင်းများ