နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးက ဘေးကင်းကြောင်း ဘရာဇီးသုတေသနစင်တာ ဆို

အောက်တိုဘာ  ၂၀၊ ဘရာစီလီယာ


တရုတ်နိုင်ငံ၏ Sinovac Biotech ကုမ္ပဏီက ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမှာ ဘရာဇီး နိုင်ငံ၏ သုတေသနစင်တာတွင် စမ်းသပ်ထိုးနှံမှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး ကနဦးရလဒ်များအရ  ဘေးကင်းကြောင်း ဖော်ပြနေသည်။


နှစ်ကြိမ်ထိုးရသည့် Corona Vac ကာကွယ်ဆေးက ဘေးကင်းကြောင်း သက်သေပြနိုင်ရန်အတွက် ဘရာဇီးနိုင်ငံ၏ ထိပ်တန်း ဇီဝဆေးပညာသုသေတနစင်တာတစ်ခုဖြစ်သည့် Butantan Intitute က  စေတနာ့ဝန်ထမ်း ၉၀၀၀ ကို စမ်းသပ်ထိုးနှံခဲ့သည်။ အဆိုပါစမ်းသပ်ထိုးနှံမှုမှာ ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှု၏ နောက်ဆုံးအဆင့်ဖြစ်သည့် အဆင့်(၃) ထိုးနှံမှုဖြစ်သည်။


သို့သော် စေတနာ့ဝန်ထမ်း ၁၃၀၀၀ လုံးကို စမ်းသပ်ထိုးနှံပြီးမှသာ ကာကွယ်ဆေး၏ အာနိသင် မည်မျှရှိသည်ဆိုသည့် အချက်အလက်များကို ထုတ်ပြန်သွားမည်ဟု Butantan ၏ ဒါရိုက်တာ ဒီမက်စ်ကိုဗက်စ်က ပြောသည်။ "ဘရာဇီးမှာ စမ်းသပ်ခဲ့တဲ့ ပထမဆုံးရလဒ်က နိုင်ငံမှာ စမ်းသပ်ခဲ့တဲ့ ကုသဆေးအားလုံးထဲမှာ CoronaVac ဘေးအကင်းဆုံးလို့ သက်သေပြနေပါတယ်"ဟု ဆော်ပေါ်လို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုအာအို ဒိုရီအာက ပြောသည်။


ယခုထွက်ပေါ်လာသည့်ရလဒ်မှာ ကနဦးအဆင့်ဖြစ်ပြီး နောက်ထပ်စမ်းသပ်ထိုးနှံမှုများတွင် စေတနာ့ ဝန်ထမ်းများ၏ အခြေအနေကို သုတေသီများက ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်သည်။ Sinovac ၏ CoronaVac ကာကွယ်ဆေးကို အင်ဒိုနီးရှားနှင့် တူရကီနိုင်ငံများတွင်လည်း စမ်းသပ်ထိုးနှံလျက်ရှိသည်။ စေတနာ့ဝန်ထမ်း ၂၀ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံပြီးနောက် အနည်းငယ်နာကျင်သည်ဟု ဆိုကြပြီး ၁၅  ရာခိုင်နှုန်းက ခေါင်းကိုက်ဝေဒနာ၊ ၅ ရာခိုင်နှုန်းနီးပါးက မအီမသာဖြစ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ ကြွက်သားနာကျင်ခြင်း ခံစားရသည်ဟု ဆိုသော်လည်း ပြင်းထန်တဲ့တုံ့ပြန်ချက်မရှိဟု ဆိုသည်။


အဆိုပါကာကွယ်ဆေးက ရောဂါကူးစက်မှုကို ကာကွယ်ပေးသည့် ပဋိဇီဝပစ္စည်း ထုတ်ပေးဖွယ်ရှိသည်ဟု ဆော်ပေါ်လိုပြည်နယ် ကျန်းမာရေးဝန်ကြီး ဂိုရင်ချက်တီအင်က ပြောသည်။ ၂၀၂၁ ခုနှစ်အစောပိုင်း၌ ဆော်ပေါ်လိုပြည်နယ်တွင် ‌နေထိုင်သူအားလုံးကို ကာကွယ်ဆေး စတင်ထိုးနိုင်ရန်အတွက် ယခုနှစ်ကုန်ပိုင်းတွင် CoronaVac ကာကွယ်ဆေးကို တရားဝင်အသုံးပြုခွင့် အတည်ပြုချက် ရရှိရန် မျှော်လင့်နေသည်။


ဆော်ပေါ်လိုပြည်နယ်မှာ ဖေဖော်ဝါရီလကုန်တွင် ဆေးအဖုံသန်း ၆၀ ဝယ်ယူနိုင်ရန်အတွက် Sinovac နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည်။ ဘရာဇီးနိုင်ငံက ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်၍ Sinovac က ဘရာဇီးနိုင်ငံတွင် ကာကွယ်ဆေး  ထိုးနှံမှုဆောင်ရွက်ခြင်းဖြစ်သည်။  


Ref:BBC(KN






အခြားဆက်စပ်သတင်းများ