နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်ကျောင်းဆရာ ခေါင်းဖြတ်သတ်ခံရသည့် ဖြစ်ရပ်အတွက် ကျောင်းသားလေးဦးကို ဖမ်းဆီးထား

အောက်တိုဘာ  ၂၀၊ ပါရီ


တပည့်များကို တမန်တော်မိုဟာမက်၏ အငြင်းပွားဖွယ် ကာတွန်းပုံများပြခဲ့ပြီးနောက် ခေါင်းဖြတ် အသတ်ခံရသည့် ပြင်သစ်ကျောင်းဆရာ ဆင်မြူရယ်ပါတီ အသတ်ခံရသည့်ဖြစ်ရပ်အတွက် ထိန်းသိမ်းခံထားရသူ ၁၅ ဦးတွင် ကျောင်းသားလေးဦး ပါဝင်နေကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်သောကြာနေ့က ပါရီမြို့အနောက်မြောက်ဘက် ဆင်ခြေဖုံးဒေသရှိ စာသင်ကျောင်းအနီးတွင် ဆင်မြူရယ်ပါတီ အသတ်ခံရပြီးနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က အသေဖမ်းဆီးခဲ့သည်။


ဆင်မြူရယ်ပါတီကို ဂုဏ်ပြုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ကြောင်း ပြသသည့်အနေဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လူသောင်းချီ စုဝေးခဲ့ကြသည်။ လာမည့်ဗုဒ္ဓဟူးနေ့တွင်လည်း ပါရီမြို့ရှိ ဆိုဘွန်းတက္ကသိုလ်၌ ဆင်မြူရယ်ပါတီအတွက် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။


အဖမ်းခံထားရသည့် ကျောင်းသားလေးဦးမှာ လူသတ်သမားထံမှ ငွေယူပြီး ဆင်မြူရယ်ပါတီကို ခွဲခြားဖော်ပြရန် ကူညီပေးခဲ့သူများဖြစ်သည်ဟု တရားရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ဆင်မြူရယ်ပါတီ အသတ်ခံရမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူများတွင် ကျောင်းသားမိဘတစ်ဦးနှင့် အစ္စလာမ်အစွန်းရောက် ဘာသာရေးခေါင်းဆောင်တစ်ဦးလည်း ပါဝင်နေသည်။ လူသတ်သမား၏ မိသားစုဝင်လေးဦးကိုလည်း ဖမ်းဆီးထားသည်ဟု ဆိုသည်။                                                                                                         


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ