နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ စီမံခန့်ခွဲမှုဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထူးလေယာဉ်ရောက်ရှိ

ရန်ကုန်၊  အောက်တိုဘာ  ၁၉


ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုစီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက်၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ပံ့ကူညီသည့် ဆေးဝါးအထောက်အကူပစ္စည်းများနှင့် လူပုဂ္ဂိုလ်များတင်ဆောင် လာသည့်(၂၄) အကြိမ်မြောက်၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထူးလေယာဉ်၊(Humanitarian Flight)အဖြစ် Air  Asia လိုင်းလေယာဉ်သည် ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ အောက်တိုဘာ ၁၈ ရက်က ထွက်ခွာလာရာ မွန်းတည့် ၁၂  နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ ယနေ့ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ၊ ကမ္ဘာ့စာနပ်ရိက္ခာအစီအစဉ်(မြန်မာ)၏ ဆက်သွယ်ရေးဆက်ဆံရေးအရာရှိ ဦးထက်ဦးလင်းက '' ဒီနေ့ခရီးစဉ်တွင် WFP ရဲ့(၂၄)အကြိမ်မြောက်ခရီးစဉ် ဖြစ်ပါတယ်၊ ဒီခရီးစဉ်မှာတော့ WHO မှလှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ကုသရေးနှင့် ပတ်သက်တဲ့ဆေးရုံသုံး၊ ဆေးခန်းသုံးဆေးပစ္စည်းများ၊ လက်အိတ် အစုံပေါင်းလေးသောင်းသုံးထောင်ကျော်၊ တန်ချိန်တစ်ဝက်ကျော်အပြင် ICRC၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်၊ ကျွမ်းကျင်ဝန်ထမ်းများလိုက်ပါခဲ့ကြောင်း”ပြောသည်။

အဆိုပါလေယာဉ်တွင် သယ်ဆောင်လာသောပစ္စည်းများသည် (W.H.O) မှလှူဒါန်းထားသည့် ဆေးဘက် ဆိုင်ရာပစ္စည်းများ၊ ဆေးရုံသုံး၊ ဆေးခန်းသုံးပစ္စည်းများဖြစ်သည့် လက်အိတ်များအပြင်၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်နှင့် ကျွမ်းကျင်ဝန်ထမ်း ၄၀ ဦးတို့က မြန်မာနိုင်ငံ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန်အတွက် လိုက်ပါ လာခဲ့ကြောင်း သိရသည်။ ယခုပြေးဆွဲသော ခရီးစဉ်သည်(၂၄) အကြိမ်မြောက်ဖြစ်ပြီး၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီ ရပ်ဆိုင်းထားသည့်အချိန်တွင် မြန်မာနိုင်ငံရှိ  ကုလသမဂ္ဂ၏ကိုယ်စား၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တို့ကို အပတ်စဉ်ချိတ်ဆက် ပြေးဆွဲပေးနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုခရီးစဉ်ဖြစ်ကြောင်း သိရသည်။ WFP ၏ အဆိုပါအစီအစဉ်သည် ကမ္ဘာ့အနှံ့အပြားရှိ သယ်ယူပို့ဆောင်ရေးဌာန (Logistics Hubs)များနှင့်ချိတ်ဆက်ပြီး အရေးပေါ်လိုအပ်ချက်ရှိသည့်နိုင်ငံများဆီ ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ သယ်ယူပို့ဆောင် ပေးနေခြင်းဖြစ်သည်။

ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ဒေသကြီး ၁၁ ခုတို့ရှိ Quarantine Centre များတွင် နေ့စဉ်ထမင်းနှင့် ဟင်းလျာများ ထောက်ပံ့လှူဒါန်းခဲ့ရာ ယခုအချိန်အထိ လူဦးရေခြောက်သောင်းကျော်လှူဒါန်ခဲ့ပြီး ဖြစ်ပါသည်။ နောက်ထပ်၍လည်း ရန်ကုန်တိုင်း ဒေသကြီးရှိ Quarantine Centre များတွင် ထမင်းနှင့်ဟင်းလျာများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။                                                            

အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ