မန္တလေး ဧပြီ ၂၈
မန္တလေးချမ်းအေးသာစံမြို့နယ် လူငယ်အဖွဲ့များစုပေါင်းဦးဆောင်မှုဖြင့် ရပ်ကွက်စေတနာအလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အကွက်မှူးများပူးပေါင်း၍ မြို့နယ်အတွင်းနေထိုင်ကြသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အမှီအခိုကျောထောက်နောက်ခံမရှိ ဆင်းရဲချို့တဲ့ ဘိုးဘွား မိသားစုများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ နေအိမ်တွင်သာနေထိုင်ရန် ညွှန်ကြားထားသည့်ကာလအတွင်း စိတ်အေးချမ်းသာစွာ နေထိုင်စားသောက်နိုင်ရန် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး၊ ခနောဆန်ပြုတ် ၅ ထုပ်၊ ဘီစကွတ်တစ်ထုပ်နှင့် နှာခေါင်းစည်းများအား ဧပြီ ၂၈ ရက်၊ နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်များကို ပေးအပ်လှူဒါန်းရာ သက်ကြီးဘိုးဘွား၂၄၆ ဦး အား ထောက်ပံ့ကြောင်း တွေ့ရစဉ်။
မောင်ပြည်သူ(မန္တလေး)