နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်ဘုရားလမ်း ရေနုတ်မြောင်းမကြီး အသစ်တည်ဆောက်

ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းတာဝန်ခံ တောင်ပိုင်း ခရိုင်မှူး ဦးတင်ထွန်းဦး၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဥမ္မာအောင်ကျော်နှင့် ဝန်ထမ်းများသည် မတ် ၄ ရက်၊ နံနက်က ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်း ဝဲ၊ ယာ (ကုန်သည်လမ်း နှင့်ကမ်းနားလမ်းကြား) တွင် ရေစီးဆင်းမှုကောင်းမွန်စေရေးအတွက် အရှည် ပေ ၆၀၀ x ၂ အနက် ၄ ပေ အကျယ် ၄ ပေ ရေနုတ်မြောင်းမကြီး အား စက်အားလူအားဖြင့် အသစ်တည်ဆောက်ပေးလျက်ရှိသည်။ . "ဒီရေနုတ်မြောင်းမကြီးကတစ်ဆင့် ဗိုလ်တထောင်ဘုရားလမ်း မြစ်ထွက်ပေါက်ထဲကို စီးဝင်စေမှာဖြစ်ပါတယ်။ ယခင်‌ မြောင်းက ၁ ပေ ၃ လက်မခန့်သာရှိတဲ့အတွက် ရေစီးရေလာမကောင်းပါဘူး။ ရေနုတ်မြောင်း ပြီးသွားရင် မြောင်းဖုံးကို စလက်လောင်းပြီး ၈ ပေခြား လူဆင်းပေါက် လုပ်ပေးသွားမှာပါ။ စလက်လောင်းထားတော့ စင်္ကြံလျှောက်လို့ အဆင်ပြေပြီး အနီးအနားနေ သက်ကြီးရွယ်အိုတွေ စိတ်ချမ်းသာစွာ လမ်းလျှောက်နိုင်မှာပါ"ဟု တာဝန်ခံအင်ဂျင်နီယာက ပြောသည်။ (မောင်မောင်)






အခြားဆက်စပ်သတင်းများ