နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တတိယသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်

အောက်တိုဘာ  ၁၉၊ ဘေဂျင်း


COVID-19 ကမ္ဘာ့ကပ်ရောဂါမှ ပြန်လည်နာလန်ထူစပြုလာသည့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အတွင်း တိုးတက်မှု ၄ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့သည်။ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှာ COVID-19 ကပ်ရောဂါ တားဆီးဟန့်တားနိုင်ရေး ပိတ်ဆို့မှု စည်းမျဉ်းများကြောင့် ပထမဆုံး ထိခိုက်ခံစားခဲ့ရသည့် ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံဖြစ်သည်။


ယခုနှစ် ပထမသုံးလပတ်အတွင်း စက်ရုံ၊ အလုပ်ရုံများ ပိတ်ခဲ့ရခြင်းကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ၆ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ စတင်ကောက်ယူခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင် စီးပွားရေးတိုးတက်မှု ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်းဖြစ်သည်။


သို့သော် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် စီးပွားရေးတိုးတက်မှု   ၃ ဒသမ ၂  ရာခိုင်နှုန်း ရှိခဲ့သည်။ ထို့အပြင် ဇူလိုင်လမှ စက်တင်ဘာလအထိ တတိယသုံးလပတ်အတွင်း အသားတင် ကုန်ထုတ်လုပ်မှု ကိန်းဂဏန်းအချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့စပြုလာပြီဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ စီးပွားရေး ပညာရှင်များ ခန့်မှန်းထားသည့် ၅ ဒသမ ၂ ရာခိုင်နှုန်းပမာဏထက် နည်းပါးခဲ့သည်။                                                                                      


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ