နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီးဝိုင်းအဖွဲ့သားများနှင့် ပရိသတ်အားလုံး လေမှုတ်ပလတ်စတစ် ပူဖောင်းများအတွင်း ဝင်နေရသည့် ဂီတဖျော်ဖြေပွဲကျင်းပ

အောက်တိုဘာ  ၁၉၊ ဝါရှင်တန်


အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမားမြို့မှ ရော့ခ်တီးဝိုင်းမှာ လေမှုတ်ပလတ်စတစ်ပူဖောင်းများကို အသုံးပြု၍ ဂီတဖျော်ဖြေပွဲ ကျင်းပခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့ ညနေပိုင်းတွင် The Flaming Lips တေးဂီတအဖွဲ့က အဖွဲ့သားအားလုံးနှင့် ပရိသတ်အားလုံးကို လေမှုတ်ပလတ်စတစ်ပူဖောင်းများအတွင်း ဝင်နေခိုင်းပြီး ဂီတဖျော်ဖြေပွဲကျင်းပခဲ့သည်။


The Flaming Lips တေးဂီတအဖွဲ့၏ ရှေ့ထွက်အဆိုတော် ဝိန်းကွိုင်းက ကိုဗစ်-၁၉ ကပ်ရောဂါကာလ အစောပိုင်းရက်များအတွင်း ပလတ်စတစ်ပူဖောင်းအတွင်းဝင်၍ သီချင်းဆိုနေသည့်ပုံစံ အနုစိတ်ပန်းချီ ရေးဆွဲခဲ့ရာ အဆိုပါအိုင်ဒီယာကို အသုံးပြုပြီး ယခုကဲ့သို့ ဂီတဖျော်ဖြေပွဲ စီစဉ်ခဲ့ခြင်းဖြစ်သည်။


ပလတ်စတစ်ပူဖောင်းများ အသုံးပြုခဲ့သည့် တေးဂီတဖျော်ဖြေပွဲမှာ The Flaming Lips တေးဂီတအဖွဲ့၏ တေးသီချင်းဗီဒီယိုရိုက်ကူးမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ ပလတ်စတစ်ပူဖောင်းများ အသုံးပြု၍ ဂီတဖျော်ဖြေပွဲကျင်းပရန်အတွက် The Flaming Lips တေးဂီတအဖွဲ့က ပလတ်စတစ်ပူဖောင်း အလုံး ၁၀၀ ကို တရုတ်နိုင်ငံမှ မှာယူခဲ့သည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ