နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါကြောင့် ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးသူကို အစ္စရေးဆေးရုံတွင် ကုသပေးနေ

အောက်တိုဘာ  ၁၉၊ ဂျေရုစလင်


ပါလက်စတိုင်းနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် အီရီကတ်မှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရပြီး ရောဂါပြင်းပြင်းထန်ထန် ခံစားနေရသော်လည်း စိတ်ချရသည့်အခြေအနေရှိကြောင်း ယင်းကို ကုသပေးနေသည့် အစ္စရေးဆေးရုံက ထုတ်ပြန်ခဲ့သည်။


ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် အီရီကတ်ကို အနောက်ကမ်းပါးရှိ ယင်း၏နေအိမ်မှတစ်ဆင့် ဂျေရုစလင်မြို့အနီးရှိ ဟာဒက်ဆာတက္ကသိုလ်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ အီရီကတ်သည် ယခုလအစောပိုင်းက COVID-19 ရောဂါပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။


အသက် ၆၅ နှစ်ရှိသည့် အီရီကတ်သည် ၂၀၁၇ ခုနှစ်တွင် အသည်းအစားထိုး ခွဲစိတ်မှုလုပ်ခဲ့ရခြင်းကြောင့် အရေးတကြီး ကုသစောင့်ရှောက်မှုခံယူရန် လိုအပ်ခဲ့ခြင်းဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က ပြောသည်။ စိုးရိမ်စရာအခြေအနေဖြင့် ရောက်ရှိလာသည့် အီရီကတ်ကို အောက်ဆီဂျင် အဆက်မပြတ်ပေးထားရသည်ဟု ဆေးရုံက ထုတ်ပြန်ခဲ့သည်။


အီရီကတ်မှာ ပြီးခဲ့သည့်နှစ်များအတွင်း အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အဓိကကျသည့် ညှိနှိုင်းဆွေးနွေးသူဖြစ်သည်။ ယင်းမှာ ၁၉၉၀ ပြည့်နှစ်များအတွင်း အစ္စရေးနှင့် ပါလက်စတိုင်းအကြား သဘောတူညီချက် အများအပြား လက်မှတ်ရေးထိုးခဲ့သည့် အော်စလိုသဘောတူညီချက်ကို ဖန်တီးပုံဖော်ခဲ့သူတစ်ဦးလည်းဖြစ်သည်။                                                                                                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ