အင်္ဂပူ ဧပြီ ၂၈
အင်္ဂပူမြို့နယ်အတွင်းရှိကျေးရွာ အုပ်စု ၄ အုပ်စု အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် ဧပြီ ၂၇ ရက်၊ ညနေက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၆ လုံး အမိုးလန်ပျက်စီးပြီး လူနေအိမ်တစ်လုံးပြိုကျ ခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲသောင်ကျေးရွာအုပ်စု၊ မှန်ကုန်းကျေးရွာနှင့် ကုန်းကြီးကျေးရွာ တွင်လူနေအိမ် ၁၃ လုံး အမိုးလန်၊ လူနေအိမ်တစ်လုံးပြို၊ ကြခတ်ကွင်းကျေးရွာအုပ်စု၊ မကျီးကုန်းကြီးကျေးရွာ၊ ချင်းစုကျေးရွာတို့တွင်လူနေအိမ် ၆ လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ မှတ်တိုင်ကျေးရွာအုပ်စု၊ ငှက်ကျော်ကုန်း ကျေးရွာတွင် ဓနိမိုး၊ ထရံကာ၊ လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီး၊ သပြေကုန်းကျေးရွာအုပ်စု၊ သပြေကုန်း ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ဝက်ထိုးကျေးရွာ၊ မကျီးကုန်းကြီးကျေးရွာနှင့် မကျီးကုန်းလေးကျေးရွာတို့တွင် လူနေအိမ်၂၆ လုံးအမိုးလန်ပျက်စီးခဲ့ကြောင်းနှင့် စုစုပေါင်းလူနေအိမ်တစ်လုံးပြိုကျ၊ လူနေအိမ် ၄၆ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း နှင့်လူ၊တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)