နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခေါင်းဖြတ်သတ်ခံရသည့် ပြင်သစ်ကျောင်းဆရာကို ထောက်ခံအားပေးကြောင်း ပြသသည့်အနေဖြင့် လူထောင်ချီစုဝေး

အောက်တိုဘာ  ၁၉၊ ပါရီ


တပည့်များကို တမန်တော်မိုဟာမက်၏ ကာတွန်းများ ပြခဲ့ပြီးနောက် ခေါင်းဖြတ်သတ်ခံခဲ့ရသည့် ပြင်သစ်ကျောင်းဆရာ ဆမ်မြူရယ်ပါတီကို ထောက်ခံအားပေးကြောင်း ပြသသည့်အနေဖြင့် ပြင်သစ် နိုင်ငံတစ်ဝန်းတွင် လူထောင်ချီ စုဝေးခဲ့ကြသည်။


ပါရီမြို့ရှိ Place de la Re'publique ရင်ပြင်တွင် လူအများက '' ကျွန်တော် ကျောင်းဆရာတစ်ယောက်ပါ''၊ ပြင်သစ်ဝန်ကြီးချုပ် ယန်းကာစတက်၏ လက်သုံးစကားဖြစ်သည့် ''ကျွန်တော်တို့က ပြင်သစ်နိုင်ငံသားတွေပါ''ဆိုသည့် ဆောင်ပုဒ်များကို ကိုင်ဆောင်ဖော်ပြခဲ့ကြသည်။


ကျောင်းဆရာ ဆမ်မြူရယ်ပါတီသည် ပြီးခဲ့သည့်သောကြာနေ့က ပါရီမြို့ရှိ ယင်း၏ကျောင်းအနီးတွင် ခေါင်းဖြတ်သတ်ခံခဲ့ရပြီး ယင်းကို တိုက်ခိုက်ခဲ့သည့် အမျိုးသားကို  ပြင်သစ်ရဲတပ်ဖွဲ့က အသေဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိရာ လူ ၁၁ ဦးကို ထိန်းသိမ်းထားသည်။


ဖမ်းဆီးထိန်းသိမ်းထားသူများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိပေ။ ကျောင်းဆရာ အသတ်ခံရပြီးနောက် မကြာမီအချိန်အတွင်း သံသယရှိသူ၏ ဆွေမျိုး ၄ ဦးကို ထိန်းသိမ်းခဲ့ပြီး ပြီးခဲ့သည့်စနေနေ့တွင် နောက်ထပ် လူ ၆ ဦးကို ဖမ်းဆီးခဲ့သည်။


ဖမ်းဆီးခဲ့သူများတွင် ဆမ်မြူရယ်ပါတီ စာသင်သည့်ကျောင်းမှ ကျောင်းသား မိဘဖခင်တစ်ဦးနှင့် အစ္စလာမ်ဘာသာရေးဆရာတစ်ဦး ပါဝင်သည်။ အဆိုပါတိုက်ခိုက်မှုမှာ အစ္စလာမ်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ကြောင်း၊ ဆမ်မြူရယ်ပါတီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သင်ကြားပေးခြင်းကြောင့် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ပြောသည်။        


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ